Search on this blog

Search on this blog

image

Basic Knowledge of Bipolar and Type of Bipolar

စိတ်နေစိတ်ထားရောဂါများ (mood disorder) သည် များသောအားဖြင့် အလွန်ပြင်းထန်စွာ (သို့) အချိန်ရှည်လျားစွာဖြစ်ပေါ်နေတတ်သော စိတ်နေစိတ်ထား ဖောက်ပြန်မှုများဖြစ်ပြီး ၎င်းတို့၏ ပုံမှန်တာဝန်ဝတ္တရားများကို ဖြည့်ဆည်းလုပ်ကိုင်ဆောင်ရွက်နိုင်သည့် စွမ်းဆောင်ရည်ယိုယွင်းပျက်စီးစေသည့် ရောဂါများဖြစ်ပါသည်။ အဓိကအားဖြင့် စိတ်နေစိတ်ထားရောဂါ နှစ်မျိုးရှိပါသည်။ ၎င်းတို့မှာ –

(၁)စိတ်နေစိတ်ထားတစ်မျိုးတည်း ဖြစ်ပေါ်ပြီး ဖောက်ပြန်သော စိတ်ရောဂါနှင့်

(၂)စိတ်နေစိတ်ထား နှစ်မျိုးပြောင်းလဲပြီး ဖြစ်ပေါ်ဖောက်ပြန်သော စိတ်ရောဂါ (Unipolar mood disorder and bipolar disorder) တို့ ဖြစ်ပါသည်။

စိတ်နေစိတ်ထားတစ်မျိုးတည်းဖြစ်ပေါ်ပြီးဖောက်ပြန်သောစိတ်ရောဂါတွင် လူပုဂ္ဂိုလ်သည် စိတ်ကျခြင်းဖြစ်ရပ်များကိုသာ တွေ့ကြုံခံစားရပါသည်။ စိတ်နေစိတ်ထား နှစ်မျိုးပြောင်းလဲပြီး ဖြစ်ပေါ်ဖောက်ပြန်သော စိတ်ရောဂါတွင် လူပုဂ္ဂိုလ်သည် စိတ်ရွခြင်းဖြစ်ရပ်နှင့် စိတ်ကျခြင်းဖြစ်ရပ်ပါ နှစ်မျိုးပြောင်းလဲ တွေ့ကြုံခံစားနေရပါသည်။ စိတ်ကျရောဂါများ (depressive disorder) ကို တစ်ခုပိုစွန်း (unipolar) ရောဂါဟုခေါ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဖောက်ပြန်မှုသည် စိတ်လှုပ်ရှားမှုတစ်ဖက်တည်းမှာသာ ဦးတည်နေခြင်း (သို့) ဝင်ရိုးစွန်းတစ်ဖက်သို့ နိမ့်ဆင်းသွား၍ဖြစ်ပါသည်။ ဒွိပိုစွန်းရောဂါများ (bipolar disorders) သည် စိတ်ကျခြင်းနှင့် ရွှင်မြူးခြင်း နှစ်မျိုးလုံး အလွန်အကျွံဖြစ်နေပြီး များသောအားဖြင့် တစ်လှည့်စီပုံစံ အနေအထား ဖြစ်နေပါသည်။

ဖြစ်ရိုးဖြစ်စဉ် နေ့စဉ်ဘဝနေထိုင်မှုမှာ တက်လိုက်ကျလိုက် ဖြစ်နေခြင်းတို့ထက် ကျော်လွန်ပြီး စိတ်နေစိတ်ထားသည် ဦးတည်ချက်နှစ်ဖက်လုံးတို့တွင် တက်လိုက် ၊ ကျလိုက် ဖြစ်နေသော စိတ်နေစိတ်ထားရောဂါရှိသူ လူပုဂ္ဂိုလ်များဖြစ်နေခြင်းဖြစ်ပါသည်။ အဲ့လိုရောဂါအမျိုးအစားတွေကို ဒွိစွန်းရောဂါ (bipolar disorders) ဟုခေါ်ပါသည်။

Facts about Mania and Depression in Bipolar

ဤရောဂါတွင် စိတ်နေစိတ်ထားသည် စိတ်ရွခြင်း (mania) နှင့် စိတ်ကျခြင်း (depression) တို့ကြားမှာ ပြောင်းလဲဖြစ်ပေါ်နေပါသည်။ပထမဦးဆုံး ဖြစ်စဉ်သည် စိတ်ရွခြင်းမှစတင်၍ ဖြစ်တတ်သလို စိတ်ကျခြင်းကနေလည်း စတင်ဖြစ်ပေါ်တတ်ပါသည်။DSM သည်အထွေထွေဒွိစွန်းရောဂါကိုဒွိစွန်းရောဂါ(၁) (Bipolar I disorder) နှင့် ဒွိစွန်းရောဂါ (၂) (Bipolar II disorder)ဆိုပြီးတော့လည်း နှစ်မျိုးခွဲခြားထားပါသည်။ ဒွိစွန်းရောဂါ (၁) ၏ အဓိက ရောဂါလက္ခဏာရပ်မှာ စိတ်ရွခြင်းဖြစ်ရပ်တစ်မျိုး (သို့) တစ်မျိုးထက်ပိုသော ဖြစ်ရပ်များ ဖြစ်ပေါ်ခြင်းဖြစ်ပါသည်။

ဒွိစွန်းရောဂါ (၁) ၏ အနည်းငယ်သောဖြစ်ရပ်တို့တွင် ရောထွေးနေသော အမျိုးအစားဖြစ်တဲ့ စိတ်ရွဖြစ်စဉ်နှင့် အဓိကစိတ်ကျဖြစ်ရပ်တို့ကလည်း တစ်ပြိုင်တည်း ဖြစ်ပေါ်တတ်ပါသာ်။ ဒွိစွန်းရောဂါ(၂) သည် အပျော့စား စိတ်ရွရောဂါပုံစံနှင့် ဆက်စပ်နေပါသည်။ အချို့သော လူနာများသာ် အပြည့်အဝစိတ်ရွရောဂါဟူ၍လည်း ခေါ်ဆိုရန်လုံလောက်သည့် ပြင်းထန်မှုမရှိသော စွမ်းအင်တွေတိုးပွါးလာတဲ့ ဖြစ်ရပ်တွေကိုခံစားကြရပါသည်၊ ဤဖြစ်ရပ်များကို စိတ်ရွယဉ် (hypomania) လို့ ခေါ်ပါသည်။

စိတ်နေစိတ်ထားရောဂါများကို ယေဘုယျလက္ခဏာအားဖြင့် (၄)မျိုးခွဲခြားထားပါသည်။

(၁) စိတ်လှုပ်ရှားမှုဆိုင်ရာလက္ခဏာများ

စိတ်ဓာတ်ကျ (သို့) စိတ်ဂဏှာမငြိမ် (စိတ်မသာမယာသော) စိတ်နေစိတ်ထားကို အများဆုံးတွေ့ရပြီး ထင်ရှားသည့် စိတ်ကျလက္ခဏာလည်း ရှိပါသည်။ စိတ်ကျနေတဲ့လူအများစုက ၎င်းကို ဝမ်းနည်းကြေကွဲနေခြင်း၊ စိတ်ညစ်စိတ်ဓာတ်ကျနေခြင်း (သို့) မျှော်လင့်ချက်ကုန်နေတတ်ခြင်းလို့လည်း ပြောပြကြသည်။ ဆန့်ကျင်ဘက်အားဖြင့် သူတို့က ပျော်မွေ့လွန်ခြင်း (euphoria)

လို့သိနေကြသော အကန့်အသတ်မရှိပျော်ရွှင်မှုရှိသည့် အချိန်ကာလအပိုင်းအခြားများလည်းရှိကြပါသည်။ ဒွိပိုစွန်း စိတ်နေစိတ်ထားရောဂါများတွင် စိတ်ရွှင်မြူးနေသည့် အချိန်ကာလများ ရနေရာမှစိတ်ကျအဆင့်များသို့ တလှည့်စီ ပြောင်းလဲနေတတ်ပါသည်။

(၂) သိမှုဆိုင်ရာလက္ခဏာများ

ကုခန်းဆိုင်ရာအားဖြင့် စိတ်ကျရောဂါရှိနေသူများက အာရုံစူးစိုက်မှု ခက်ခဲနေတတ်ကြသည်။ အလွယ်တကူစိတ်ပျံ့လွင့်မှုရှိကြောင်းကို မကြာခဏ သတိပြုမိကြပါသည်။ အပြစ်စွဲစိတ် နှင့် စိုးရိမ်ပူပန်မှုတို့မှာ အများအားဖြင့် တွေ့ရှိရပါသည်။

(၃) ကိုယ်ခန္ဓာရောဂါလက္ခဏာများ

ကိုယ်ခန္ဓာရောဂါလက္ခဏာများသည် အခြေခံခန္ဓာကိုယ်ဆိုင်ရာ ဇီဝကမ္မလုပ်ငန်းများ နှင့် ဆက်စပ်မှုရှိနေပါသည်။ ၎င်းတို့တွင် မောပန်းခြင်း၊ နာကြင်မှုများ၊ ကိုက်ခဲမှုများရှိခြင်း၊ အာသာရှိခြင်းနှင့် အိပ်ခြင်းပုံစံများတွင် ပြင်းထန်စွာ ပြောင်းလဲမှုများ ရှိတတ်ပါသည်။

(၄) အပြုအမူဆိုင်ရာ ရောဂါလက္ခဏာများ

စိတ်ကျခြင်းရဲ့ ထင်ရှားတဲ့ အပြုအမူလက္ခဏာမှာ လှုပ်ရှားမှုများ နှေးကွေးသွားခြင်း ဖြစ်ပါသည်။ ဆန့်ကျင်ဘက်အားဖြင့် စိတ်ရွလူနာများသည် လူများစုနှင့် နေထိုင်တတ်ပြီး အင်တိုက်အားတိုက် ခွန်အားစိုက်ထုတ် လုပ်ကိုင်တတ်ကြပါသည်။

🌐 : https://app.callmetoday.org/book

☎️: 09-5131873

#CallMeToday

#ItIsOkToCallMeToday

#counseling 

#therapy

Leave a Reply

Your email address will not be published. Required fields are marked *