Search on this blog

Search on this blog

image

Attention Deficit Hyperactive Disorder (ADHD) ဆိုတာ အာရုံစိုက်နိုင်စွမ်းနည်းပြီး အလွန်တက်ကြွလွန်းနေသည့် ရောဂါတစ်မျိုးဖြစ်သည်၊၊

Symptoms လက္ခဏာများ- အာရုံစိုက်နိုင်စွမ်းနည်းခြင်း

  • အရာအားလုံးကိုအာရုံစိုက်နိုင်စွမ်းမရှိတာ မဟုတ် စိတ်ဝင်စားတဲ့ အကြောင်းအရာပေါ်မှာ သာမာန်လူများထက်ပိုပီး အာရုံစိုက်နိုင်ပြီး စိတ်မဝင်စားတဲ့အရာမျိုးဆိုရင် ပျင်းလာပြီး အာရုံစိုက်နိုင်မှုလျော့နည်းတတ်ပါသည်၊၊
  • အာရုံပျံ့လွင့်လွယ်တတ်တယ်၊ အရမ်း Sensitive ဖြစ်လွယ်တယ် အလင်းရောင်စူးစူး၊ ကျယ်လောင်တဲ့အသံ၊ အနံ့ပြင်းတာတွေမခံနိုင်ဖြစ်တတ်ကြပါတယ်၊၊
  • တစုံတယောက်နဲ့ချိန်းထားတာ အလုပ်ရှိတာ လုပ်ရမယ့်အလုပ်တွေမေ့နေတာ ပစ္စည်းတွေမေ့ကျန်တတ်တာ ခဏ ခဏဖြစ်တတ်တဲ့အတွက် တာဝန်မကျေတဲ့သူ နမော်နမဲ့နိုင်သူအနေနဲ့သတ်မှတ်ခံရတတ်ပါတယ်။ အလုပ်တခုကိုလည်းနောက်ဆုံးထိမလုပ်နိုင်တာတွေလည်းရှိတတ်ပါတယ်၊၊

နောက်ထပ်လက္ခဏာတွေကတော့-

  • အငြိမ်မနေနိုင်ခြင်း (ဂဏာမငြိမ်) အချိန်တိုင်းနီးပါးလှုပ်ရွနေခြင်း၊ ကလေးဆိုရင် မနားမနေမရပ်မနား အရမ်းဆော့တတ်ခြင်း၊ လူကြီးဆိုရင် ငြိမ်မနေနိုင်တဲ့အတွက် ထိုင်နေရင်း ဒူးနှန့်နေခြင်း၊ ခြေလက်လှုပ်နေခြင်း၊ တခုမဟုတ်တခုလှုပ်နေတတ်ခြင်း၊ စကားပြောရင်လည်း ပြောတဲ့သူကိုကြာကြာ အာရုံမစိုက်နိုင်ဘဲ စိတ်ကတောင်ရောက် မြောက်ရောက်ဖြစ်နေတတ်ခြင်း၊ စိတ်မရှည်တတ်ခြင်း၊ သည်းမခံနိုင်ခြင်း၊ ပြောချင်ရာပြောတတ်ခြင်း စသည် အပြုအမူ အပြောအဆို တို့ကြောင့် အခြားသူများ စိတ်အနှောင့်အယှက် ဖြစ်ရခြင်းတို့ ဖြစ်တတ်ပါသည်၊၊

ရောဂါရှင်တွေမှာတော့ ဒီလက္ခဏာများကို နေ့စဥ်နီးပါး ဖြစ်ပေါ်ခံစားနေရခြင်း၊ ကိုယ့်ပတ်ဝန်းကျင်မှ တခြားသူများလည်းစိတ်ညစ်ရနှင့် ဘဝမှာ ထိခိုက်လောက်တဲ့ အထိ ဖြစ်တတ်ပါသည်၊၊ မိမိမှာ ADHD ရှိ မရှိ ကို ကိုယ်တိုင် သတ်မှတ်လို့မရပါဘူး ကျွမ်းကျင်တဲ့ စိတ်ပညာရှင်တွေ၊ စိတ်ကုဆရာဝန်တွေနဲ့ ပြသစစ်ဆေးမှု ခံယူပြီးမှသာ ဆုံးဖြတ်သင့်ပါသည်၊၊

ADHD ရောဂါသည် ကလေးမှ လူကြီးမှဖြစ်တာမဟုတ်ပါဘူး နှစ်ဦးလုံးမှာဖြစ်ပါတယ်၊၊ ငယ်တုန်းကလေးဘဝမှာ ADHD ဖြစ်ရင်တောင် အသက်ကြီးလာတာနှင့် အမျှ ပျောက်သွားသက်သာ သွားတာတွေရှိတတ်ပေမယ့် ရာနှုန်းပြည့် မဟုတ်ပါ၊၊ ငယ်စ၌မှာ ကုသမှုခံယူခဲ့ ပေမယ့် အသက် အရွယ်ကြီး လာတဲ့အခါမှာ ပြန်ဖြစ်တတ်တာမျိုးလည်းရှိတတ်ပါတယ်၊၊

ဒါကြောင့်ဘယ်အရွယ်မှာဘဲဖြစ်နေပါစေ အချိန်မီကုသခံယူနိုင်ဖို့် တိုက်တွန်းအကြံပေးလိုက်ပါရစေ။

🌐 : https://app.callmetoday.org/book

☎️: 09-5131873

#CallMeToday

#ItIsOkToCallMeToday

#counseling 

#therapy

Leave a Reply

Your email address will not be published. Required fields are marked *