Search on this blog

Search on this blog

how companies can improve work life balance

လူတိုင်းက စားဝတ်နေရေးအတွက်၊ ကိုယ့်ရဲ့ တစ်ကိုယ်ရည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်လုပ်ကိုင်ကြရတဲ့အခါမှာ အလုပ်ခွင်ဟာ ကိုယ့်အတွက် ကောင်းမွန်တဲ့ ပတ်ဝန်းကျင် တခု ဖြစ်ဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် Work-Life Balance လို့ ခေါ်တဲ့ အလုပ်နဲ့ လူမှုဘဝ ညီမျှဖို့ဆိုတာကလည်း ဝန်ထမ်းတွေရဲ့စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် မဖြစ်မနေ လိုအပ်ပါတယ်။ ဒီလို မျိုး Work-Life Balace ကို မြှင့်တင်ပေးနိုင်ဖို့ အတွက် အလုပ်ရှင်တွေဘက်က ပြုလုပ်ပေးသင့်တဲ့ အချက်တွေကို မျှဝေပေးချင်ပါတယ်။ 

(၁) Work-Life Balance ကို နားလည်ခြင်း 

လူတိုင်းမှာ ကိုယ်ပိုင် လူမှုဘဝနဲ့ မိသားစုကို ပိုင်ဆိုင်ကြတာကြောင့် အလုပ်ခွင်အပြင် တဖက်က လူမှုဘဝကိုလည်း မေ့ထားလို့ မရပါဘူး။ အထူးသဖြင့် အလုပ်ရှင်တွေအနေနဲ့ ဒီအချက်ကို နားလည်ထားဖို့ လိုပါတယ်။ Work Life Balance မျှတမှုဟာ ဝန်ထမ်းတွေရဲ့ အလုပ်လုပ်ဆောင်နိုင်စွမ်းနဲ့ လုပ်ငန်းခွင် ပျော်ရွှင်မှုကိုပါ မြင့်တက်စေနိုင်တာ ဖြစ်လို့ သင့်တော်လုံလောက်တဲ့ အနားယူချိန်နဲ့ လူမှုဘဝ ပြည့်စုံလုံလောက်ဖို့ကလည်း အရေးပါတဲ့ အချက်ဖြစ်ပါတယ်။ 

(၂) အလုပ်လုပ်ချိန် တင်းကြပ်မှု မရှိခြင်း 

Work-life balance မျှတမှုမှာ အလုပ်လုပ်ချိန်ဟာ အရေးပါတဲ့ အချက်တခု ဖြစ်ပါတယ်။ ပုံမှန်ထက် အလုပ်လုပ်ချိန်များပြားခြင်း၊ အနားယူချိန်အတိအကျ မရှိတာ၊ အနားယူချိန်မှာပါ အလုပ်အတွက် ကြိုးစားအားထုတ်နေရတာတွေဟာ ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်စေတဲ့ အပြင် ဝန်ထမ်းတွေရဲ့ပျော်ရွှင်မှုနဲ့ စိတ်အားထက်သန်မှုကိုပါ ကျဆင်းစေနိုင်ပါတယ်။ ဒါ့ကြောင့် အလုပ်လုပ်ချိန်တွေကို မျှတစွာ စနစ်တကျ စီမံခန့်ခွဲ ထားဖို့ လိုပါတယ်။ အလုပ်ပြီးမြောက်ရန် ရည်ရွယ်ရန်တခုထဲအတွက် အလုပ်ချိန်ကို သတ်မှတ်တာမျိုးမဟုတ်ပဲ ဝန်ထမ်းတွေရဲ့ အနားယူချိန်နဲ့ အားအင် ပြန်လည် ဖြည့်တင်းဖို့ လိုအပ်ချိန်တွေကိုပါ သတ်မှတ်ပေးဖို့ လိုပါတယ်။ 

(၃) ဝန်ထမ်းတွေရဲ့ တစ်ကိုယ်ရည် ဖွံ့ဖြိုးတိုးတက်မှုကို အားပေးခြင်း 

အလုပ်ခွင်တွင်းမှာ အလုပ်ရဲ့ အောင်မြင်တိုးတက်ရေးသာမက ဝန်ထမ်းတွေရဲ့ တစ်ကိုယ်ရည် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း မြှင့်တင်ပေးဖို့ လိုပါတယ်။ အလုပ်ခွင်တွင်းမှာ ဝန်ထမ်းတွေကို ကြိုးစားမှုအလိုက် ရာထူးတိုးမြှင့်ပေးတာ၊ ချီးကျူးဂုဏ်ပြုတာ၊ လိုအပ်တဲ့ သင်ကြားမှုတွေ ပေးတာ တွေဟာ ဝန်ထမ်းတွေရဲ့ စိတ်အားထက်သန်မှုကို ပိုမို အားကောင်းစေသလို အလုပ်ခွင်အတွင်း ပျော်ရွှင်မှုကိုလည်း အထိုက်အလျောက်တိုးမြင့်စေမှာ ဖြစ်ပါတယ်။ 

(၄) ဝန်ထမ်းတွေအတွက် ထောက်ပံ့မှု တချို့ ပေးခြင်း 

အလုပ်ခွင်အတွင်း ဝန်ထမ်းတွေအတွက် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့တချို့ကိုလည်း ပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် ကိုယ်ပိုင် လူနေမှု ဘဝနဲ့ အလုပ်ခွင်မှာ ကြုံတွေ့ရတဲ့ အခက်အခဲ ပြဿနာတွေအတွက် ကူညီဖြေရှင်းပေးနိုင်မယ့် အစီအစဥ်တွေ၊ နှစ်သိမ့်ဆွေးနွေးမှုတွေ ကို ပေးနိုင်တာဟာ work life balance အတွက် ကူညီပေးနိုင်သလို ကျန်းမာရေးအတွက် fitness program နဲ့ workshop တွေကိုလည်း စီစဥ်ပေးနိုင်ပါတယ်။ 

(၅) အပြုသဘောဆောင်တဲ့ အလုပ်ခွင်ကို ဖန်တီးပေးခြင်း 

အလုပ်ခွင်အတွင်းမှာ အပြုသဘောဆောင်တဲ့ ဝေဖန်မှုတွေ၊ ဝန်ထမ်းအချင်းချင်း ထိခိုက်လိုခြင်း မရှိပဲ တဦးနဲ့ တဦး လေးစားမှုတွေဟာ အလုပ်ခွင်တိုင်းအတွက် မဖြစ်မနေ လိုအပ်တဲ့ ပတ်ဝန်းကျင် အနေအထား ဖြစ်ပါတယ်။ အလုပ်ရှင်တွေ အနေနဲ့ ကိုယ့်ရဲ့ အလုပ်ခွင်မှာ ဝန်ထမ်းတွေ လက်ရှိ ဘာတွေ ကြုံနေရတယ်၊ အလုပ်ခွင်ရဲ့ ရိုက်ခတ်မှုက ဝန်ထမ်းတစ်ဦးစီရဲ့ လူမှုဘဝမှာ ဘယ်လို သက်ရောက်မှုတွေ ရှိနေတယ်၊ အလုပ်ခွင်နေရာရဲ့ သဘာဝက ဘယ်လို ရှိနေတယ်ဆိုတာကို အမြဲ ဆန်းစစ်နေဖို့ လိုပါတယ်။ 

အလုပ်ရှင်တွေအနေနဲ့ အလုပ်ခွင်အတွင်း Work-Life Balance ကို မြှင့်တင်ပေးခြင်းအားဖြင့် ဝန်ထမ်းတွေရဲ့ စိတ်ကျေနပ်မှုကို ပိုတိုးစေနိုင်သလို စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်တဲ့အပြင် အလုပ်ပြီးမြောက်နှုန်းကိုပါ အားကောင်းစေတာကြောင့် အခုပြောပြခဲ့တဲ့အချက်တွေက အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။ တကယ်လို့ အလုပ်ခွင်အတွင်း Work Life Balance မညီမျှမှုကြောင့် ဝန်ထမ်းတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အကူအညီလိုအပ်ခဲ့တယ်ဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးတိုင်ပင်ဖို့ လိုပါတယ်။ 

Call Me Today မှာ ဝန်ထမ်းတွေအတွက် EAP program တွေ၊ Package တွေ၊ Group Counseling, training and workshop service တွေ ကို ရယူနိုင်ပြီဖြစ်သလို တခြားသော စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေအတွက်လည်း Call Me Today မှတဆင့် ကျွမ်းကျင် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။

Leave a Reply

Your email address will not be published. Required fields are marked *