Search on this blog

Search on this blog

58828

ကိုယ့်ရဲ့ အရည်အချင်းနဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို ကိုယ်တိုင်ယုံကြည်ခြင်းဟာ ကိုယ့်ရဲ့ တကိုယ်ရေ ဖွံ့ဖြိုးမှုမှာ အရေးကြီးတဲ့ အရာ တခု ဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်ခြင်း (Self-confidence) မြင့်မားတဲ့ သူတစ်ယောက်ဟာ အလုပ်တော်တော်များများကို ရဲရဲဝံ့ဝံံ့ လုပ်ဆောင်နိုင်သလို အောင်မြင်မှုနဲ့ ကျရှုံးမှုတွေကိုပါ လက်ခံနိုင်တဲ့ သူအဖြစ် ရပ်တည်လေ့ရှိကြပါတယ်။ ဒီလိုမျိုး Self-confidence ကို တိုးတက်လာစေနိုင်တဲ့ နည်းလမ်းတွေကို ဒီကနေ မျှဝေပေးပါမယ်။  

(၁) အချိန်ယူပြီး ဖြေးဖြေးချင်း တည်ဆောက်ပါ

ကိုယ့်ကိုကိုယ် ယုံကြည်မှုဆိုတာ ချက်ချင်း တည်ဆောက်လို့ ရတဲ့ အရာတခု မဟုတ်ပါဘူး။ လုံလောက်တဲ့ အချိန်တစ်ခုယူဖို့ လိုအပ်သလို ကိုယ့်ရဲ့ ဘဝတစ်လျှောက်အောင်မြင်ခဲ့တဲ့ ရလဒ်တွေ၊ ကိုယ်လုပ်နိုင်ခဲ့တဲ့ အရာတွေ၊ ကိုယ်သင်ယူခဲ့ရတဲ့ သင်ခန်းစာတွေ ကနေ ဖြေးဖြေးချင်း တည်ဆောက်ရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ကိုကိုယ် ယုံကြည်မှုကို ရလိုတယ်ဆိုရင် ကိုယ်လုပ်နိုင်ခဲ့တဲ့ အရာတွေကို ကိုယ်တိုင် အသိအမှတ်ပြု မှတ်သားဖြစ်တဲ့ အလေ့အကျင့်ကို လုပ်ထားဖို့ လိုပါတယ်။ 

(၂) အောင်မြင်မှုကို မြင်ယောင်ပြီး ပုံဖော်ကြည့်ပါ

မြင်ယောင်ပြီး ပုံဖော်ကြည့်ခြင်း (visualization) ဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှု တည်ဆောက်ရာမှာ အရေးပါတဲ့ အရာတခု ဖြစ်ပါတယ်။ ကိုယ်မျှော်မှန်းထားတဲ့အရာ၊ ကိုယ့်ရဲ့ ပန်းတိုင်နဲ့ ကိုယ်လိုချင်တဲ့ အောင်မြင်မှုတွေကို ပထမဆုံးအဆင့်အနေနဲ့ ပုံဖော်ကြည့်ပြီး ကိုယ့်ရဲ့ စိတ်အားထက်သန်မှုကို မြှင့်တင်ပါ။ ဒါဟာလည်း ကိုယ့်ကိုကိုယ် ယုံကြည်မှုနဲ့ စိတ်ဓါတ်ခွန်အားတွေကို မြှင့်တင်ပေးနိုင်တဲ့ အချက်တခု ဖြစ်ပါတယ်​။ 

(၃) ကိုယ့်ရဲ့ အားသာချက်တွေကို အလေးပေးပါ 

လူတိုင်းမှာ အားသာချက် ၊ အားနည်းချက် ရှိကြသလို ဒါတွေကို မှန်ကန်စွာ အသုံးချနိုင်သူက ကိုယ့်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို ကိုယ်တိုင် သိရှိသွားလေ့ရှိကြပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ အားနည်းချက်တွေကို စိတ်ပျက်အားလျော့နေမယ့်အစား အားသာချက်တွေကို ရှာဖွေပြီး ဒီအားသာချက်ကနေ အခွင့်အလမ်းတွေကို အရယူဖို့ လိုပါတယ်။ ဒီလိုနည်းလမ်းကလည်း ကိုယ့်ကိုကိုယ် ယုံကြည်မှု တည်ဆောက်ရာမှာ များစွာ အသုံးဝင်နိုင်ပါတယ်။ 

(၄) အမြဲမပြတ် သင်ယူပါ 

ကိုယ့်ကိုကိုယ် ယုံကြည်မှု မြှင့်တင်နိုင်တဲ့ နောက်ထပ် နည်းလမ်းတခုကတော့ အမြဲမပြတ် သင်ယူခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာ ကိုယ့်အတွက် လိုအပ်တဲ့ ပညာ ဝမ်းစာကို အမြဲဖြည့်ပြီး လေ့လာနေခြင်း ဖြစ်တာကြောင့် ကိုယ့်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေ ပိုကောင်းလာမယ်၊ ကိုယ့်ရဲ့ အရည်အချင်းတွေ ပိုထက်မြက်လာမှာ ဖြစ်ပြီး နောက်ဆက်တွဲအနေနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုအားကောင်းလာမှာ ဖြစ်ပါတယ်။ 

(၅) ကြိုတင် ပြင်ဆင်တတ်တဲ့ အလေ့အကျင့် ထားပါ 

ပွဲမဝင်ခင် အပြင်က ကျင်းပ ဆိုသလို ပဲ အရာရာမှာ ကြိုတင်ပြင်ဆင်တတ်ခြင်း၊ မစတင်ခင်တည်းက ကြိုတင် လေ့ကျင့်ထားခြင်းက ကိုယ့်ရဲ့ ကိုယ်ပိုင် လုပ်နိုင်စွမ်းအပေါ်မှာ ယုံကြည်မှု ပိုမြင့်စေနိုင်ပါတယ်။ ဒီလို အလေ့အကျင့်ထားခြင်းအားဖြင့် လူအများရှေ့မှာ ကိုယ့်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို သတ္တိရှိရှိ ပြသနိုင်မယ်၊ ကိုယ့်ကိုကိုယ်လည်း ယုံကြည်မှု မြင့်မားတာကြောင့် လုပ်နိုင်စွမ်းတွေလည်း သိသိသာသာ တက်လာမှာ ဖြစ်ပါတယ်။ 

(၆) တခြားသူများနဲ့ နှိုင်းယှဥ်ခြင်း မပြုလုပ်ပါနဲ့ 

လူတိုင်းမှာ အားသာချက် ၊ အားနည်းချက်တွေက ကွဲပြားသလို တဦးစီရဲ့ ပါရမီနဲ့ လုပ်ဆောင်နိုင်စွမ်းတွေက ကွဲပြားနိုင်ပါတယ်။ ဒါတင်မကပဲ တခါတရံမှာ အခြေအနေ အချိန်အခါနဲ့ အခွင့်အလမ်းတွေပေါ်မှာ မူတည်ပြီး တဦးနဲ့ တဦး အောင်မြင်မှု၊ ကျရှုံးမှုတွေက မတူညီနိုင်ပါဘူး။ ဒါကြောင့် ကိုယ့်ရဲ့ အရည်အချင်းနဲ့ ကျရှုံးမှု အောင်မြင်မှုတွေကို တခြားသူတွေနဲ့ နှိုင်းယှဥ်ခြင်း မပြုလုပ်သင့်ပါဘူး။ ဒါဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုကို ကျဆင်းစေနိုင်တဲ့ အဓိကအချက်တခုလည်း ဖြစ်ပါတယ်။ 

ကိုယ့်ကိုကိုယ် ယုံကြည်မှု (self-confidence) ကို ကိုယ်တိုင်တည်ဆောက်ခြင်းအားဖြင့် ကိုယ့်ရဲ့ လုပ်ဆောင်မှုတွေ ပိုမို ကောင်းမွန်လာရုံသာမက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း များစွာ အကျိုးသက်ရောက်မှု ရှိစေနိုင်ပါတယ်။ သင့်အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေခံစားနေရတယ်ဆိုရင် Call Me Today မှတဆင့် ကျွမ်းကျင် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။

Leave a Reply

Your email address will not be published. Required fields are marked *