Search on this blog

Search on this blog

image

နည်းပညာရဲ့ ပြောင်းလဲ တိုးတက်လာမှုက ကောင်းမွန်တဲ့ ချိတ်ဆက်မှု ကွန်ယက်တခုကို ဖန်တီးပေးနိုင်ပြီး ပညာသင်ကြားရေးကိုလည်း များစွာ အထောက်အကူ ပြုပါတယ်။ ဒါပေမယ့် တဖက်မှာလည်း နည်းပညာက ဖြစ်တည်လာတဲ့ Social Media  တွေဟာ တနည်းတဖုံနဲ့ ကျောင်းသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာမှာ သက်ရောက် လွှမ်းမိုးမှုတွေ ရှိနေနိုင်ပါတယ်။ Social Media ကို လိုတာထက် ပိုသုံးစွဲမိတဲ့ရလဒ်ကြောင့် ကျောင်းသားတွေ ခံစားရမယ့် အကျိုးဆက်တွေကို ပြောပြပေးချင်ပါတယ်။ 

(၁) စိတ်ဖိစီးခြင်းနဲ့ စိုးရိမ်ပူပန်ခြင်း 

Social Media ကို ဘဝနေထိုင်မှု (Lifestyle) တခုအနေနဲ့ သုံးစွဲတဲ့ လူငယ်တွေမှာ စိတ်ဖိစီးမှုဟာ အနည်းနဲ့ အများ ရှိနေတတ်ပါတယ်။ Facebook လိုမျိုး စာမျက်နှာတွေမှာ ကိုယ်နဲ့ ပတ်သက်တဲ့ လူတွေရဲ့ အမြင်၊ ချစ်ခင်မှု၊ ရင်းနှီးမှုတွေကို တောင့်တမိရာကနေ စိတ်ပူပန်တာတွေ၊ ပျော်ရွှင်မှုတွေ နည်းပါးလာတာတွေ ကနေ အစပြုပြီး လူငယ်တွေကို Social Media မှ ထိခိုက်မှုတွေ ဖြစ်လာစေပါတယ်။ 

(၂) အိပ်ချိန်ထိခိုက်ခြင်း 

Social Media ကြောင့် screen time လိုတာထက် ပိုများတဲ့အခါမှာ အိပ်ရာဝင် နောက်ကျတာတွေ ၊ အိပ်ချိန် မလုံလောက်တာတွေ အိပ်ရေးမဝတာရဲ့ နောက်ဆက်တွဲတွေဟာ ကျန်းမာရေးကို ထိခိုက်စေတဲ့အပြင် ကျောင်းစာသင်ကြားရေးမှာလည်း သက်ရောက်မှု ရှိလာနိုင်ပါတယ်။ 

(၃) ကိုယ့်ကိုကိုယ် ယုံကြည်မှု ကျဆင်းခြင်း 

Social Media မှာ လူအများစုက သူတို့ နေ့စဉ်ဘဝရဲ့ အကောင်းဆုံး အပိုင်းကိုပဲ ပြလေ့ ရှိကြပါတယ်။ ပျော်ရွှင်မှု၊ ပြီးပြည့်စုံမှု၊ စိတ်ချမ်းသာမှု စတဲ့ တင်္ဒဂ ပုံရိပ်တွေဟာ ကိုယ့်ရဲ့ ဘဝနဲ့ နှိုင်းယှဉ်မိတဲ့အခါ အားငယ်ခြင်း၊ ကိုယ့်ကိုကိုယ် ယုံကြည်မှု ကျဆင်းခြင်း၊ သူတပါးကို အားကျတဲ့စိတ်နဲ့ ကိုယ်တိုင် စိတ်ကျေနပ်မှု မရှိဖြစ်ခြင်း စတဲ့ အရာတွေကို ခံစားရနိုင်ပြီး ဒါတွေဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ဖြစ်စေနိုင်ပါတယ်။ 

(၄) အထီးကျန်ခြင်း 

Social Media ကို လိုတာထက် ပိုသုံးလေ့ရှိကြတဲ့ သူတွေဟာ အထီးကျန်သူတွေ ဖြစ်ကြပြီး တဖက်မှာလည်း Social Media သုံးခြင်းကြောင့် အထီးကျန်မှုကို ခံစားရနိုင်ပါသေးတယ်။ Social Media မှာ အခြားသူတွေရဲ့ ပျော်ရွှင်မှုတွေ၊ မိတ်ဖွဲ့ တွေ့ဆုံမှုတွေ၊ ဂရုစိုက်ခံရမှု ၊ စတဲ့ ပုံရိပ်တွေ ကို မြင်ရချိန်မှာ အများစုဟာ အထီးကျန်မှုကို ခံစားရလေ့ ရှိပါတယ်။ 

(၅) အာရုံစူးစိုက်မှု လျော့နည်းခြင်း 

Social Media ကို လိုတာထက် ပိုသုံးပြီး စိတ်ဝင်စားမှု များလာတဲ့အခါမှာ အလုပ်၊ စာသင်ကြားမှု အပိုင်းမှာလည်း အာရုံစူးစိုက်မှုတွေ သိသာသာသာ လျော့နည်း လာနိုင်ပါတယ်။ ဒါဟာ ကျောင်းသားလူငယ်တွေ ကြုံနေကြ ပြဿနာ တခုဖြစ်ပြီး သင်ကြားမှုအပိုင်း အားနည်းလာရာကနေ ရလဒ်တွေပေါ်ကို သက်ရောက်မှု ရှိလာတဲ့အခါ စိတ်ဖိစီးမှုတွေကို ခံစားရနိုင်ပါသေးတယ်။ 

Social Media ကနေ ဖြစ်တည်လာတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေဟာ ဆိုးရွားတဲ့ စိတ်ဒဏ်ရာဖြစ်စေနိုင်သလို တချို့သော အခြေအနေတွေမှာ ကိုယ့်ကိုကိုယ် အန္တရယ် ပြုနိုင်တဲ့အထိ သက်ရောက်မှုတွေ ရှိလာနိုင်တာကြောင့် သတိပြုဆင်ခြင်နိုင်ဖို့ ဗဟုသုတ အနေနဲ့ မျှဝေပေးလိုက်ရပါတယ်။ 

တကယ်လို့ သင့်အနေနဲ့ နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့်တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။

Leave a Reply

Your email address will not be published. Required fields are marked *