Search on this blog

Search on this blog

neuropsychology

တခါတရံမှာ စိတ်ခံစားချက် ပြင်းထန်တဲ့အခါ ဦးနှောက်ရဲ့ စဥ်းစားတွေးခေါ်နိုင်မှု အပိုင်းတွေ၊ မှတ်သားနိုင်စွမ်းတွေမှာ သက်ရောက်မှု ဖြစ်နိုင်ပါတယ်။ ဒါက ဘာကြောင့်လဲဆိုရင် ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေက စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို လွှမ်းမိုးမှု တချို့ ရှိနေလို့ပဲ ဖြစ်ပါတယ်။  ဒီလိုမျိုး ဦးနှောက် အာရုံကြော စနစ်နဲ့ စိတ်ပညာဆက်စပ်မှုကို လေ့လာတဲ့ စိတ်ပညာရဲ့ ဘာသာရပ်ခွဲ တခုကတော့ Neuropsychology (အာရုံကြော စိတ်ပညာ) လို့ ပြောပါတယ်။ 

အာရုံကြောစိတ်ပညာရဲ့ သမိုင်းကြောင်း

လေ့လာမှုတွေအရဆိုရင် အာရုံကြော စနစ်က စိတ်ပညာနဲ့ ဆက်စပ်မှု ရှိနေတယ် ဆိုတဲ့အချက်ကို စသိခဲ့ကြတာက လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာထဲက လို့ပြောရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ခေတ်အဆက်ဆက် ငြင်းခုံမှုတွေများစွာ ရှိနေခဲ့ပြီး ၁၉ ရာစုနှစ်နောက်ပိုင်းမှာတော့ Neuropsychology ဆိုတဲ့ ဘာသာရပ်စတင် ဖြစ်ပေါ်လာသလို လေ့လာမှုတွေ ဆက်တိုက်ဆိုသလို လုပ်ဖြစ်လာကြပါတယ်။ အထူးသဖြင့် လူသားတွေရဲ့ စိတ်ခံစားချက်တွေက ဦးနှောက်က ထွက်တဲ့ ဟော်မုန်း၊ အချက်ပြစနစ်တွေနဲ့ များစွာ ဆက်စပ်မှုရှိနေကြောင်းကို တိတိိကျကျ ရှာဖွေ တွေ့ရှိခဲ့ပြီး လက်ခံခဲ့ကြပါတယ်။

အာရုံကြော စိတ်ပညာရဲ့ အသုံးဝင်ပုံ 

ဦးနှောက်နဲ့ အာရုံကြောစနစ်က စိတ်ပညာနဲ့ ဆက်စပ်နေတယ် ဆိုတဲ့အချက်ကို လေ့လာတွေ့ရှိပြီးနောက်မှာတော့ ဒီအာရုံကြော စိတ်ပညာကို တချို့သော ရောဂါတွေကို ကုသဖို့အတွက် အသုံးပြုလာခဲ့ပါတယ်။ ဥပမာအားဖြင့် အာရုံကြောဆိုင်ရာ ရောဂါတွေဖြစ်တဲ့ သတိမေ့ရောဂါနဲ့ ဦးနှောက်ထိခိုက်ပျက်စီးတဲ့ အခြေအနေတွေမှာ နောက်ဆက်တွဲ အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ရှိနိုင်တယ် ဆိုတာ လေ့လာခဲ့ကြပါတယ်။ ဒါနဲ့ ဆက်စပ်ပြီးတော့ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတချို့ကို လေ့ကျင့်ပြီး ကုသမယ်ဆိုရင် စိတ်ကျန်းမာရေးအားဖြင့် တိုးတက်ကောင်းမွန်မှု ရှိနိုင်တယ် ဆိုတဲ့ အချက်ကိုလည်း ကုသရေးအပိုင်းတွေမှာ အသုံးချခဲ့ကြပါတယ်။ 

ဒါတင်မကပဲ အခုနောက်ပိုင်းမှာ လူတိုင်းလိုလို စိတ်ဝင်စားပြီး လေ့ကျင့်ဖြစ်တဲ့ Mindfulness ရဲ့ အဓိကအရင်းအမြစ်ကလည်း Neuropsychology ရဲ့ သီအိုရီတွေပေါ်မှာ အခြေခံထားတယ်လို့ ပြောနိုင်ပါတယ်။ Mindfulness ကို လေ့ကျင့်ခြင်းက ဦးနှောက်နဲ့ အာရုံကြောစနစ်ကို ပြောင်းလဲမှု တချို့ရှိနိုင်ပြီး နောက်ဆက်တွဲ အနေနဲ့ စိတ်ဖိစီးမှုလျှော့ချခြင်းနဲ့ စိုးရိမ်ပူပန်မှုကို သက်သာခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကိုပါ ကုစားပေးနိုင်တာ ဖြစ်ပါတယ်။ 

နောက်ထပ် Neuropsychology ကို အသုံးချနိုင်တဲ့ နေရာတွေကတော့ မတော်တဆမှု ၊ အကြီးစားခွဲစိတ်မှုတချို့ကို ကြုံတွေ့ပြီးနောက် ဦးနှောက်မှတ်ဉာဏ်များနဲ့ ခံစားချက်တချို့ကို စစ်ဆေးခြင်း၊ လေဖြတ်ခြင်းကို ခံစားရတဲ့ လူနာတွေရဲ့ စိတ်နဲ့ အာရုံကြောဆက်စပ်မှုကို လေ့လာခြင်း၊ မူးယစ်ဆေးဝါးနဲ့ အရက်ကြောင့် ဦးနှောက်နဲ့ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုတချို့ကို ပေါင်းစပ်လေ့လာပြီးနောက် ကုသခြင်း စတဲ့ နေရာတွေမှာလည်း အသုံးပြုလေ့ရှိကြပါတယ်။ 

ဒါ့အပြင် ဦးနှောက်ရဲ့ မှတ်ဉာဏ်၊ အာရုံစူးစိုက်မှုအပိုင်း၊ ဘာသာစကားနဲ့ ဆုံးဖြတ်ချက်ချနိုင်မှု ၊ သင်ယူမှုတွေကို လက်ခံနိုင်မှုစတဲ့ အပိုင်းတွေကိုလည်း တခါတရံမှာ Neuropsychology ရဲ့ သီအိုရီ တချို့နဲ့ ဆက်စပ်လေ့လာကြတာ ရှိပါတယ်။ 

Neuropsychology လေ့လာသူတွေရဲ့ ခရီးစဥ် 

Neuropsychology ဘာသာရပ်က စိတ်ပညာရဲ့ ခက်ခဲတဲ့ ဘာသာရပ်တွေထဲကတခု ဖြစ်သလို Neuropsychologist တွေဟာ စိတ်ပညာသာမက ဦးနှောက်အာရုံကြောဆိုင်ရာ အချက်အလက်နဲ့ ဆက်စပ်ပညာရပ်တွေကိုပါ လေ့လာထားဖို့ လိုပါတယ်။ ဒီဘာသာရပ်ကို အထူးပြုလေ့လာလိုသူတွေအနေနဲ့ စိတ်ပညာနဲ့ ဦးနှောက်အာရုံကြောဆိုင်ရာ ပညာရပ်တွေကို နက်နက်ရှိုင်းရှိုင်းလေ့လာရတာ ဖြစ်တာကြောင့် စိတ်ပညာရဲ့ ဘွဲ့လွန်ဘာသာရပ်တခုအနေနဲ့ လေ့လာကြတာ ဖြစ်ပါတယ်။ 

Call Me Today မှာဆိုရင် Neuropsychology အပါအဝင် တခြားသော စိတ်ပညာရပ်တွေကို တတ်ကျွမ်းနားလည်တဲ့ ပညာရှင်တွေ ရှိတာကြောင့် သင့်အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေခံစားနေရတယ်ဆိုရင် Call Me Today မှတဆင့် ကျွမ်းကျင် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။

Leave a Reply

Your email address will not be published. Required fields are marked *