Search on this blog

Search on this blog

image

လူတိုင်းဟာ အလုပ်ခွင်မှာ အမြဲ ပျော်ရွှင်နေဖို့ မဖြစ်နိုင်ပါဘူး။ အလုပ်ကြောင့် ကိုယ်ရေးကိုယ်တာ ကြောင့် စိတ်ဖိစီးမှုတွေ ဖြစ်တဲ့အခါ ကိုယ့်ရဲ့ နေ့စဉ် အလုပ်ကို သက်ရောက်မှုတွေ ရှိနေနိုင်ပြီး ဒါဟာ ဝန်ထမ်းတဦးစီအတွက်ရော အလုပ်ခွင်အတွက်ကိုပါ ဆိုးကျိုးတွေ ရှိနေနိုင်ပါတယ်။ ဒီအချိန်မှာ ဝန်ထမ်းတွေအတွက် ရင်ဖွင့်ပြောနိုင်မယ့် တစုံတယောက် လိုအပ်လာပါတယ်။ 

ဝန်ထမ်းတွေမှာ တကိုယ်ရေ ခံစားချက်တွေ ရှိကြသလို  လက်ရှိကြုံနေရတဲ့ ပြဿနာ၊ အခြေအနေတွေဟာ တမျိုးစီ ရှိကြမှာပါ။ တခါတရံ ဒီခံစားမှုတွေဟာ စိုးရိမ်မှု၊ ကြောက်ရွံ့မှု တွေအဖြစ် ရှိနေနိုင်သလို တချို့ကလည်း စိတ်ဓါတ်ကျတာတွေ ၊ အလုပ်ခွင်မှာ တက်ကြွမှု မရှိတာတွေအထိ ဖြစ်နိုင်ပါတယ်။  ဒီအချိန်မှာ ရင်ဖွင့် ပြောဆိုနိုင်မယ့်သူဟာ ဝန်ထမ်းအချင်းချင်း မဟုတ်သလို အလုပ်ရှင်လည်း မဟုတ်တဲ့ Third Party လူတစ်ယောက် ဖြစ်နေရင် ပိုပြီး သင့်တော်ပါတယ်။

 Third Party ဆိုတဲ့နေရာမှာ ကျွမ်းကျင်တဲ့ နှစ်သိမ့်ဆွေးနွေး ပညာရှင် ဒါမှမဟုတ် ဝန်ထမ်းတွေအတွက် ကူညီပေးနိုင်တဲ့ EAP (Employee Assistance Program) မှ ပညာရှင်တွေ စတဲ့ အလုပ်ခွင်ပြင်ပမှ လူတွေနဲ့ ဆွေးနွေးရင်ဖွင့်လို့ ရပါတယ်။ ဒီလိုမျိုး Third Party မှ လူတွေနဲ့ ရင်ဖွင့် ဆွေးနွေးတဲ့အခါ ရနိုင်မယ့် အကျိုးကျေးဇူးတွေကို ဒီကနေ ပြောပြပေးသွားပါမယ်။ 

(၁) ပွင့်ပွင့်လင်းလင်း ရင်ဖွင့်နိုင်တယ် 

Third party ဖြစ်တာကြောင့် ကိုယ့်ရဲ့ အလုပ်ခွင်အကြောင်း၊ ကိုယ်ရေး ကိုယ်တာ အကြောင်းတွေကို ပွင့်ပွင့်လင်းလင်းနဲ့ ရင်ဖွင့်နိုင်မှာ ဖြစ်သလို ပြဿနာရဲ့ အရင်းအမြစ်နဲ့ ခံစားချက် ၊ အဖြစ်အပျက် အလုံးစုံကို ပြောပြနိုင်တာကြောင့် ပြဿနာကို ဖြေရှင်းတဲ့ နေရာမှာ ပိုမို လွယ်ကူစေမှာ ဖြစ်ပါတယ်။ 

(၂) ဝေဖန်ခြင်း မခံရဘူး 

အလုပ်ခွင်ပြင်ပက သူတစ်ယောက်အနေနဲ့ အလုပ်နဲ့ သက်ဆိုင်တဲ့ အကြောင်းတွေ ၊ ခံယူချက်၊ လုပ်ဆောင်ချက်တွေကို ဝေဖန်မှာ မဟုတ်သလို နှစ်သိမ့်ဆွေးနွေးသူ (Counselor) တွေအနေနဲ့လည်း သင့်အပေါ်မှာ အကောင်းအဆိုး အပြစ်တင် ပြောဆိုတာမျိုး ရှိမှာ မဟုတ်ပါဘူး။ နှစ်သိမ့်ဆွေးနွေးခြင်းရဲ့ အဓိကအချက်ဖြစ်တဲ့ အတူတကွ ပြဿနာတွေကို အဖြေရှာခြင်းကိုသာ အဓိက ပြုလုပ်မှာ ဖြစ်ပါတယ်။ 

(၃) ဘက်လိုက်ခြင်း မရှိဘူး 

အလုပ်ခွင်မှာ တချို့သော အနိုင်ကျင့်မှုတွေ၊ ဘက်လိုက်မှုတွေ ရှိနေတဲ့အခါ သင်ရင်ဖွင့်တဲ့ အလုပ်ခွင်က လူဟာလည်း မျှမျှတတနဲ့ နားထောင် ပေးဖို့ရာ မသေချာနိုင်ပါဘူး။ ဒီလို အခြေအနေမှာ Third Party ဖြစ်တဲ့ နှစ်သိမ့်ဆွေးနွေးသူကတော့ သင့်အပေါ်ကို ဘက်လိုက်တာမျိုး၊ အကြံဉာဏ်ပေးပြီး ပြဿနာကို ဖြေရှင်းခိုင်းတာမျိုး ပြုလုပ်မှာ မဟုတ်သလို သင့်ရဲ့ လက်ရှိ အခြေအနေကိုပဲ မြင်သာအောင် ကူညီပေးမှာ ဖြစ်ပါတယ်။ 

အလုပ်ခွင်ပျော်ရွှင်မှုကို ရနိုင်ဖို့အတွက်ဆိုရင် စိတ်ရော ကိုယ်ပါ ကျန်းမာဖို့ လိုအပ်ပါတယ်။  နိုင်ငံတကာမှာလည်း ဝန်ထမ်းတွေရဲ့ စိတ်ကျန်းမာရေး ကောင်းမွန်မှုဟာ အလုပ်ခွင်တိုးတက်မှုကို အထောက်အကူ ပြုနိုင်ကြောင်း သာဓကများစွာ ရှိပါတယ်။ ဒါ့ကြောင့် Company တွေ၊ အဖွဲ့အစည်း‌တွေ အနေနဲ့လည်း ဝန်ထမ်းတွေရဲ့ mental health ကို ဂရုစိုက်ဖို့ အရေးကြီးပါတယ်။ 

Call Me Today မှာ EAP program တွေ၊ Package တွေ၊ Group Counseling, training and workshop service တွေ ကို ရယူနိုင်ပြီဖြစ်လို့ အသေးစိတ်သိလိုပါက Call Me Today Office ဖုန်းနံပါတ် 09-5131873 (သို့) info@callmetoday.org (သို့) Facebook Page မှ ဆက်သွယ်နိုင်ပါပြီ။ 

Leave a Reply

Your email address will not be published. Required fields are marked *