Search on this blog

Search on this blog

image

တခါတရံမှာ စိတ်ခံစားချက်အချို့က အစွန်းနှစ်ဖက်ကို ရောက်တတ်သလို ဒါကို မျှချေ အခြေအနေ ပြန်ဖြစ်ဖို့ ကုသရတဲ့ စိတ်ကုထုံး တခုကတော့ DBT (Dialectical Behavioral Therapy) ဖြစ်ပါတယ်။ ဒီကုထုံးကို လွန်ခဲ့တဲ့ ၁၉၈၀ ခုနှစ်လောက်ထဲက စိတ်ပညာရှင်တဦး ဖြစ်တဲ့ Marsha Linehan က  စတင်ဖော်ထုတ်ခဲ့တာ ဖြစ်ပြီး အခုခေတ်ကာလအထိ အသုံးတည့်နေဆဲ ကုထုံး တခုလို့ ပြောနိုင်ပါတယ်။ 

အထူးသဖြင့် စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်စွမ်း မရှိသူတွေ လူမှု ဆက်ဆံရေးမှာ အခက်အခဲ ရှိနေသူတွေ မိမိရဲ့ စိတ်ခံစားချက်ဆိုင်ရာ အပြုအမူတွေနဲ့ ပတ်သက်ပြီး စိတ်ရှုပ်ထွေးရနေသူတွေ၊ တခြားသူရဲ့ ခံစားချက်တွေကို လက်ခံမိပြီး ကိုယ်တိုင် စိတ်ပိုင်းဆိုင်ရာ ပြဿနာ ရှိနေသူတွေ အနေနဲ့ အသုံးပြုနိုင်တဲ့ ကုထုံး ဖြစ်ပါတယ်။ 

DBT ရဲ့ အခြေခံ အချက်အလက်များ 

(၁) လက်ခံနိုင်မှုနဲ့ ပြောင်းလဲလိုမှု 

တခါတရံမှာ လူတွေဟာ ကိုယ့်ရဲ့ လက်ရှိ အနေအထား ၊ ခံစားချက်တွေကို လက်ခံဖို့ ကြောက်ရွံ့ကြတာကြောင့် နောက်ဆက်တွဲ ပြောင်းလဲမှုတွေကို မလုပ်ဖြစ်ကြပါဘူး။ ဒီ ကုထုံးမှာဆိုရင် client တွေဟာ သူတို့ရဲ့ လက်ရှိ အခြေအနေကို လက်ခံခြင်း (Acceptance) နဲ့ ဒါတွေကို အကောင်းဘက်ကို ပြောင်းနိုင်မှု (change) နှစ်ခုကို ဦးတည်တဲ့ အရာတွေ ပါရှိတာကြောင့် ထိရောက်တဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေကို ရစေနိုင်ပါတယ်။ 

(၂) Mindfulness 

DBT ရဲ့ အဓိက ကုသမှုတွေထဲမှာ Mindfulness ကလည်း အပါအဝင် ဖြစ်ပါတယ်။ အထူးသဖြင့် Mindfulness ကို လေ့ကျင့်ခြင်းအားဖြင့် ကိုယ့်ရဲ့ လက်ရှိအနေအထားကိ သတိပြုမိလာမယ်၊ အတွေးတွေ၊ ရုပ်ပိုင်းဆိုင်ရာ အထိအတွေ့နဲ့ နာကျင်မှုတွေကို ခံစားသိရှိလာမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး သတိပြုမိခြင်းကြောင့် ခံစားချက်ကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ တုန့်ပြန်မှုတွေကို ကောင်းစွာ ထိန်းချုပ်လာနိုင်မှာ ဖြစ်ပါတယ်။ 

(၃) ခိုင်လုံကြောင်း သက်သေပြခြင်း (Validation) 

အခုလက်ရှိ ခံစားနေရတဲ့ အတွေ့အကြုံတွေ၊ စိတ်ခံစားချက်တွေဟာ ကိုယ့်အတွက် ခက်ခဲတယ်၊  ပြင်းထန်တယ်၊ မယုံကြည်စရာ ကောင်းတယ်ဆိုရင်တောင် ဒါတွေကို အခုလက်ရှိ ခံစားနေရတာ အမှန်ဖြစ်ကြောင်း သက်သေပြခြင်း (Validation) ပြုလုပ်ဖို့ လိုပါတယ်။ ဒီလို Validation လုပ်ခြင်းက စိတ်ပိုင်းဆိုင်ရာ ခံစားနေရတာတွေကို သက်သာစေပြီး ကိုယ့်ကိုကိုယ် နားလည် နိုင်စွမ်းကိုလည်း ပိုမိုအားကောင်းစေပါတယ်။ 

(၄) ခံနိုင်ရည် ရှိအောင် လေ့ကျင့်မှု 

တခါတရံမှာ ဘဝမှာ မထင်မှတ်ထားတဲ့ အဆိုးတွေ မမျှော်လင့်ထားတဲ့ အရာတွေ ကြုံလာတဲ့အခါ ဒါတွေကို ခံနိုင်ရည် ရှိအောင် လေ့ကျင့်ခြင်းကလည်း DBT ကုထုံးရဲ့ အစိတ်အပိုင်း တခု ဖြစ်ပါတယ်။ ဒါပေမယ့် DBT ကုထုံးမှာဆိုရင် စိတ်ဖိစီးမှုတွေကို ဖြေလျော့သက်သာစေမယ့် နည်းလမ်းတွေ၊ စကားပြောကုထုံးတွေကို အခြေခံတာ ဖြစ်ပြီး မမှန်ကန်တဲ့နည်းလမ်းတွေဖြစ်တဲ့ ကိုယ့်ကိုယ်ကို အန္တရာယ်ပြုတာ၊ ဆေးသုံးတာ၊ တခြားသူကို ထိခိုက်စေတာ ဒါမျိုး နည်းလမ်းတွေကိုတော့ လုံးဝ ရှောင်ကြဉ်တာ ဖြစ်ပါတယ်။ 

(၅) လူမှုဆက်ဆံရေး တိုးတက်ကောင်းမွန်မှု  

လူမှုပေါင်းသင်းဆက်ဆံရေးမှာ အခက်အခဲ ရှိနေသူတွေ အနေနဲ့ DBT ကုထုံးကို အသုံးပြုနိုင်သလို တဦးနဲ့ တဦး လေးစားမှု ရှိရှိနဲ့ မှန်ကန်စွာ ဆက်ဆံနိုင်မယ့် နည်းလမ်းတွေကို လေ့ကျင့်တာတွေ ပါရှိပါတယ်။ လိုအပ်တဲ့ အခါ ကိုယ့်ရဲ့ လိုအပ်ချက်တွေကို ဖော်ပြနိုင်ရန်   ပေါင်းသင်းဆက်ဆံရေး ပြေပြစ်ပြီး အပေးအယူ မျှတရန်၊ ယုံကြည်မှုကို အပြန်အလှန် တည်ဆောက်နိုင်ရန် စတဲ့ အချက်တွေကို DBT အသုံးပြုခြင်းဖြင့် ရလာမှာ ဖြစ်ပါတယ်။ 

DBT ကုထုံးကို တစ်ဦးချင်း ကုထုံး( Individual Therapy) နဲ့ အဖွဲ့လိုက် ကုထုံး (Group Therapy) တွေမှာ သုံးလေ့ ရှိကြသလို ကောင်းမွန်တဲ့ ရလဒ်တွေ ထိရောက်တဲ့ စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေကို ရရှိနိုင်တဲ့ ကုထုံး တခု ဖြစ်ပါတယ်။ 

Call Me Today မှာလည်း Dialectical Behavioural Therapy ကို ကျွမ်းကျင်တဲ့ ပညာရှင်တွေ များစွာ ရှိပါတယ်။ သင့်အနေနဲ့ Dialectical Behavior Therapy (DBT) Therapy ကုထုံး အပါအဝင် တခြားသော ကုသမှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းလိုတယ်ဆိုရင် Call Me Today မှတဆင့် ကျွမ်းကျင် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။

Leave a Reply

Your email address will not be published. Required fields are marked *