Search on this blog

Search on this blog

image

စိတ်ပိုင်းဆိုင်ရာ ကုသမှုအတွက် လက်တွေ့ သီအိုရီတွေ များစွာရှိသလို တခါတရံမှာ ဒီ သီအိုရီတွေကို ပူးပေါင်းပြီးနောက် ထိရောက်မှု ရှိအောင် အသုံးပြုရတာလည်း ရှိပါတယ်။ Integrative Adapt Theory ဆိုတာက စိတ်ပညာ သီအိုရီ တချို့ကို ပူးပေါင်းပြီး လက်တွေ့ အခြေအနေနဲ့ ကိုက်ညီအောင် ညှိနှိုင်းကုသတဲ့ နည်းလမ်းဖြစ်ပြီး နောက်ပိုင်းမှာ အသုံးပြုဖြစ်လာတဲ့ သီအိုရီ တခုလို့ ပြောနိုင်ပါတယ်။ 

Integrative Adapt Therapy (IAT) ကုထုံးအနေဖြင့် ပူးပေါင်း အသုံးပြုလေ့ရှိသော တခြားကုထုံးများ 

(၁) Cognitive Behavioural Therapy (CBT) 

စိတ်ပညာကုထုံးတွေထဲမှာ အသုံးများတဲ့ CBT ဟာ အတွေးတွေနဲ့ အပြုအမူတွေကို ပြောင်းလဲခြင်းအားဖြင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ကုစားခြင်းဖြစ်ပြီး CBT ကိုလည်း တခါတရံမှာ IAT ကုထုံးရဲ့ အစိတ်အပိုင်းတခုအနေနဲ့ အသုံးပြုလေ့ ရှိပါတယ်။ 

(၂) Mindfulness 

အခုနောက်ပိုင်းမှာ လူအများစု စိတ်ဝင်တစား အသုံးပြုလာကြတဲ့ Mindfulness ဟာလည်း စိတ်ကုထုံးတွေထဲမှာ ရိုးရှင်းပေမယ့် ထိရောက်သလို ပစ္စုပ္ပန်အခြေအနေကို ဦးတည်ပေးပြီး စိတ်ဖိစီးမှုနဲ့ ပူပန်မှုတွေကို လျော့ကျစေတဲ့ ကုထုံးတခုဖြစ်ပါတယ်။ IAT ဖြင့် ကုသတဲ့အခါမှာ Mindfulness ကိုလည်း ထည့်သွင်း အသုံးပြုလာလေ့ ရှိပါတယ်။ 

(၃) Psychodynamic Therapy 

အတိတ်က ဖြစ်ရပ်တွေ မသိစိတ်မှာ ရှိနေတဲ့ စိတ်ခံစားချက်တွေက အခု အပြုအမူအပေါ် ဘယ်လိုလွှမ်းမိုးနေတယ် ဆိုတာကို အဓိကလေ့လာတဲ့ Psychodynamic Therapy ကလည်း စိတ်ပညာမှာ အသုံးများတဲ့ နည်းလမ်းတခုဖြစ်သလို IAT ကုထုံးမှာ ပါဝင်လာတဲ့ ကုထုံးတခုလည်း ဖြစ်ပါတယ်။ 

(၄) Humanistic Therapy 

လူသားအခြေပြု စိတ်ကုထုံးလို့ ပြောကြတဲ့ Humanistic Therapy ဟာ တစ်ဦးချင်းစီရဲ့ တိုးတက်မှု ပြောင်းလဲချင်မှုကို အခြေခံထားတဲ့ ကုထုံးကိုလည်း  IAT ရဲ့ အပိုင်းတခုအနေနဲ့ ပါဝင်အသုံးပြုလေ့ ရှိကြပါတယ်။ 

(၅) Systems Theory 

IAT ကုထုံးမှာ ပါဝင်တဲ့ နောက်ထပ် ကုထုံးတခုကတော့ Systems Theory လို့ခေါ်တဲ့ ကိုယ့်ရဲ့ အနီးပတ်ဝန်းကျင်၊ ပတ်သတ်ဆက်နွယ်သူ၊ ဓလေ့ထုံးတမ်းအစဉ်အလာတွေက လူတစ်ဦးစီရဲ့ အပြုအမူနဲ့ စိတ်ကျန်းမာရေး အပေါ်မှာ ဘယ်လို သက်ရောက်မှုရှိတယ်ဆိုတာကို ရှာဖွေဖော်ထုတ်ပြီး ကုသတဲ့ နည်းလမ်း ဖြစ်ပါတယ်။ 

(၆) Narrative Therapy 

ကိုယ် လက်ရှိခံစားနေရတဲ့ စိတ်ခံစားချက်တွေနဲ့ ကိုယ့်ရဲ့ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်တွေကို ဇာတ်ကြောင်းပြန်ပြောပြခြင်းအားဖြင့် တစ်ဦးစီရဲ့ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည် ရှိမှုကို အားပေးတဲ့ Narrative Therapy ကိုလည်း IAT ကုထုံးမှာ အသုံးပြုလေ့ ရှိပါတယ်။ 

IAT ကုထုံးရဲ့ အဓိက အချက်များ 

(၁) Adaptation (ညှိယူခြင်း) 

IAT (Integrative Adapt Therapy) ကုထုံးရဲ့ အဓိက အချက်က ညှိယူခြင်း ဖြစ်တာကြောင့် တစ်ဦးစီဟာ သူတို့ ကြုံနေရတဲ့ အခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အရာတွေကို ခံနိုင်ရည်ရှိအောင် ကျင့်ယူတာ၊ စိတ်ခံစားချက်တွေကို ထိန်းချုပ်တာ၊ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှု ရရှိအောင့် လေ့ကျင့်တာတွေ အဓိက ပါဝင်ပါတယ်။ 

(၂) ဘက်ပေါင်းစုံ ဦးတည်ရေး 

IAT ကုထုံးဟာ တစ်ဦးစီရဲ့ ဘက်ပေါင်းစုံ ကို ဦးတည်ထားတာ ဖြစ်တာကြောင့် စိတ်နဲ့ ခန္ဓာကိုယ် ဆက်စပ်ခြင်း၊ လူမှု ဆက်ဆံရေး၊ တကိုယ်ရေ ဆိုင်ရာ တိုးတက်မှု၊ စသဖြင့် ရှုထောင့်ပေါင်းစုံကနေ ကုသခြင်း ဖြစ်ပါတယ်။ 

(၃) သီးသန့် ဖြစ်သော ကုသမှုပုံစံ 

IATကုထုံးရဲ့ ထူးခြားမှုအနေနဲ့ လူတိုင်းမှာ တူညီတဲ့ ကုသမှုမျိုး မဟုတ်ပဲ တစ်ဦးချင်းစီနဲ့ ကိုက်ညီတဲ့ ကုထုံးတွေကို လိုသလို အသုံးပြုပြီး လိုအပ်ချက်အရ ပူးပေါင်းအသုံးပြုတဲ့ နည်းလမ်း ဖြစ်ပါတယ်။ တစ်ဦးစီအတွက် သီးသန့် ဖြစ်တာကြောင့် ထိရောက်မှု ရှိတဲ့ ကုထုံးလို့ ပြောနိုင်ပါတယ်။ 

IAT ကို အသုံးပြုသော စိတ်ကျန်းမာရေး အခြေအနေများ

IAT ကို အသုံးပြုနိုင်တဲ့ စိတ်ကျန်းမာရေး ပြဿနာတွေကတော့ စိတ်ဓါတ်ကျခြင်း၊ စိတ်ပူပန်ခြင်း၊ စိတ်ဒဏ်ရာ၊ Relationship ပြဿနာများ၊ စိတ်ဖိစီးမှု ၊ မိမိကိုယ်ကို ယုံကြည်မှု ကျဆင်းမှု စတဲ့ အခြေအနေတွေမှာ အသုံးပြုသလို ဘဝရဲ့ အဓိပ္ပါယ်ကို ရှာဖွေဖို့အတွက် ကူညီရာမှာလည်း IAT ကုထုံးကို အသုံးပြုပါတယ်။ 

IAT ကုထုံးရဲ့ ကောင်းကျိုးများ 

IAT ကုထုံးဟာ တစ်ဦးချင်းစီရဲ့ လိုအပ်ချက်အပေါ် အခြေခံတာကြောင့် တခါတရံမှာ တချို့ ကုထုံးတွေထက် ပိုပြီး အောင်မြင်မှုနှုန်း ပိုများတာ တွေ့ရသလို client တွေအတွက် သတ်မှတ်ချက် တင်းကြပ်မှုတွေ သိပ်မရှိတာကြောင့် ပြောင်းလဲရတဲ့ အပိုင်းတွေမှာ ပိုမို လွယ်ကူနိုင်ပါတယ်။ 

IAD ကုထုံးဟာ စိတ်ပိုင်းဆိုင်ရာ အခြေအနေ အများစုအတွက် သင့်တော်သလို တစ်ဦးချင်းစီအတွက် လက်တွေ့ကျတဲ့ ကုထုံး ဖြစ်တာကြောင့် နောက်ပိုင်းမှာ အသုံးများလာကြသလို ရလဒ်ကောင်းတွေ များတဲ့ စိတ်ပညာ ကုထုံးလို့ ပြောနိုင်ပါတယ်။ 

သင့်အနေနဲ့ Integrative Adapt Therapy (IAT) ကုထုံး အပါအဝင် တခြားသော ကုသမှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းလိုတယ်ဆိုရင် Call Me Today မှတဆင့် ကျွမ်းကျင် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။

Leave a Reply

Your email address will not be published. Required fields are marked *