Search on this blog

Search on this blog

Need Help?

+959 513 1873

မိဘတွေဟာ သားသမီးတွေရဲ့ လက်ဦးဆရာဖြစ်တာနဲ့အညီ ကလေးတစ်ယောက်ရဲ့ ကနဦးဘဝအစကနေ ကျန်ရှိတဲ့ ဘဝတစ်လျှောက်မှာ ပြုမူတဲ့ ပုံစံ၊ စာရိတ္တနဲ့ အကျင့်စရိုက်တွေဟာ မိဘတွေရဲ့ ပြုစုပျိုးထောင်မှုပုံစံပေါ်မှာ များစွာမူတည်နေပါတယ်။ ကလေး ပြုစုပျိုးထောင်နည်းတွေဟာ ပုံစံများစွာကွဲပြားသလို မိဘအုပ်ထိန်းသူ တစ်ဦးစီရဲ့ ချည်းကပ်မှုပုံစံတွေဟာ မတူညီနိုင်ပါဘူး။ ဒါကြောင့် လူသိများပြီး အများစုအသုံးပြုကြတဲ့ ကလေးပြုစုပျိုးထောင်နည်း ပုံစံ (၄) မျိုးကို ဒီကနေ...
ဆယ်ကျော်သက်အရွယ်ဟာ ကလေးဘဝကနေ လူကြီးအဖြစ်ကို ကူးပြောင်းဖို့အတွက် စတင်ချိန်ကာလဖြစ်လို့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲများစွာကို ရင်ဆိုင်နေရတဲ့ အခိုက်အတန့်ဖြစ်ပါတယ်။ ဒီလိုအရွယ်ကလေးတွေဟာ မိဘတွေနဲ့ မကြာခဏဆိုသလို စိတ်အခန့်မသင့်မှုတွေ ၊ သဘောထားမတိုက်ဆိုင်မှုတွေ ဖြစ်တတ်ကြတာ သဘာဝပါပဲ။ မိဘတွေအနေနဲ့လည်း ဒီလိုအချိန်မှာ သားသမီးကို ထိန်းကျောင်းရာမှာ အခက်အခဲများစွာ ကြုံတွေ့ရလေ့ရှိတာကြောင့် အဆင်ပြေချောမွေ့စေမယ့် နည်းလမ်းလေးတွေကို ဒီကနေ မျှဝေပေးပါမယ်။  (၁)...
စိတ်ကျန်းမာရေးဟာ အသက်အရွယ်မရွေး ကျားမမရွေး လူတန်းစားမရွေး ဂရုစိုက်ဖို့လိုအပ်တဲ့ အရာဖြစ်ပါတယ်။ အများအားဖြင့် ကလေးတွေရဲ့ စိတ်ခံစားချက်နဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို လူကြီးတွေအနေနဲ့ လျစ်လျုရှုတတ်ကြသလို ဒါဟာ ကလေးတွေအတွက် အသက်အရွယ်ရလာတာနဲ့ အမျှ ပိုပိုဆိုးလာနိုင်သလို စိတ်ကျန်းမာရေးထိခိုက်မှုတွေနဲ့ နောက်ဆက်တွဲ ပြဿနာတွေအထိ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် မိဘတစ်ယောက် အုပ်ထိန်းသူ တစ်ယောက်အနေနဲ့ ကလေးရဲ့ အသက်အရွယ်အလိုက် စိတ်ကျန်းမာရေး...
ရင်သွေးလေးကို ပိုင်ဆိုင်ရပြီ ဆိုတာနဲ့ ကိုယ်ဝန်ဆောင်ချိန်ကစလို့ မွေးဖွားချိန်အထိ အဆင်ပြေ ချောမွေ့စေလိုတာက မိဘတိုင်းရဲ့ ဆန္ဒပါပဲ။ ဒါပေမယ့် မမျှော်လင့်ထားတဲ့ အကြောင်းတွေကြောင့် တချို့မှာ ကိုယ်ဝန်ဆုံးရှုံးမှုကို ကြုံရတာလည်း ရှိတတ်ကြပါတယ်။ ဒီအချိန်မှာ နှမြောဝမ်းနည်းစိတ်၊ ယူကြုံးမရတဲ့ စိတ်တွေနဲ့ အတူ ခံစားချက်မျိုးစုံကို ခံစားရနိုင်ပြီး ပုံမှန်အခြေအနေကို ပြန်ရောက်ဖို့အတွက် အချိန်တခု ယူဖို့ လိုပါတယ်။ ဒီလို...
အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်ချိန်မှာ မိမိရဲ့ လူနေမှုပုံစံကို ပြောင်းလဲရတာနဲ့ အမျှ ခန္ဓာကိုယ် ပုံစံ အချိုးအစားလည်း ပြောင်းလဲလာနိုင်ပါတယ်။ အထူးသဖြင့် မိခင်နှင့် ရင်သွေးအတွက် အာဟာရပြည့်ဝစွာ စားသုံးရခြင်း၊ ကိုယ်လက် လှုပ်ရှားမလုပ်ဖြစ်ခြင်း၊ ဟော်မုန်းတွေရဲ့ အပြောင်းအလဲကြောင့် ခန္ဓာကိုယ် အရေပြားမှာ သိသာတဲ့ ပြောင်းလဲမှုတွေ၊ အကြောပြတ်တာတွေစတာတွေအပြင် ဆီးမထိန်းနိုင်တာတွေစတဲ့ ပြောင်းလဲမှုတွေလည်း များစွာ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့်...
ကိုယ်တိုင်ရွေးချယ်လို့ပဲဖြစ်ဖြစ် မျှော်လင့်မထားတဲ့ အခြေအနေမှာပဲ ဖြစ်ဖြစ် မိဘနေရာကို ရောက်လာပြီ၊ ပထမဆုံးအကြိမ် မိဘဖြစ်ပြီ ဆိုတဲ့အခါမှာ ထူးခြားတဲ့ စိတ်ခံစားချက်တွေ များစွာ ကြုံတွေ့နိုင်ပါတယ်။ ပျော်ရွင်ခြင်း၊ ကြည်နူးခြင်း၊ ပီတိဖြစ်ခြင်းဆိုတဲ့ အပြုသဘောဆောင်တဲ့ ခံစားချက်တွေကို ခံစားရနိုင်သလို စိုးရိမ်ပူပန်မှု၊ စိတ်တိုင်းမကျမှု ၊ စိတ်မသက်သာဖြစ်မှု စတဲ့ ခံစားချက်တွေကို လည်း ကြုံတွေ့ရနိုင်ပါတယ်။ ဒီလို စိတ်ခံစားချက်တွေက...
ကိုယ်ပိုင်ရွေးချယ်မှုကြောင့်ပဲဖြစ်ဖြစ် မမျှော်လင့်ပဲ ဖြစ်လာတာပဲဖြစ်ဖြစ် ကိုယ်ဝန်ဆောင်ဖို့ ဖြစ်လာပြီဆိုရင် နေ့စဥ်ဘဝမှာ သက်ရောက်မှု များစွာရှိလာနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်ချိန်မှာ အလုပ်အပေါ် ထိခိုက်မှုတချို့ရှိလာနိုင်ပြီး ဒီကာလဟာ အမျိုးသမီးတွေအတွက် ခက်ခဲပင်ပန်းတဲ့  အခိုက်အတန့် တခုဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း တချို့အမျိိုးသမီးတွေဟာ အလုပ်ခွင်ကို စွန့်ခွာပြီး ကလေးကို ဦးစားပေးကြတာ ရှိပါတယ်။ ဒီမှာ ပြောပြပေးမှာကတော့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ အနေနဲ့...
မိဘတွေမှာ ရင်သွေးလေးရပြီလို့ သိရှိတဲ့အခါ သားလေးလား၊ သမီးလေးလားဆိုတဲ့ စိတ်လှုပ်ရှားမှုနဲ့ အတူ မျှော်မှန်းချက်တွေလည်း ရှိတတ်ကြပါတယ်။ မွေးဖွားလာတဲ့ အချိန်မှာ ဒီမျှော်မှန််းချက်အရ ကိုက်ညီတဲ့သူလည်း ရှိသလို တချို့ကလည်း ကိုယ်ရည်ရွယ်ထားသလို မဖြစ်လာတတ်တာ ရှိပါတယ်။ ဒီအချိန်မှာ စိတ်ပျက်အားလျော့တာတွေ ဖြစ်တတ်လေ့ရှိကြပြီး စိတ်ပိုင်းဆိုင်ရာ ပြဿနာအချို့ရှိတတ်တာကြောင့် ဒီလိုခံစားချက်တွေကို ထိန်းချုပ်ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ဒီကနေ ပြောပြပေးချင်ပါတယ်။  (၁)...
ကိုယ်ဝန်သည် အမျိုးသမီးတွေဟာ စိတ်ခံစားမှု ပြင်းထန်ကြသလို ဒါဟာ ခန္ဓာကိုယ် ဟော်မုန်းတွေရဲ့ လွှမ်းမိုးသက်ရောက်မှုကြောင့်လည်း ဖြစ်ပါတယ်။ အထူးသဖြင့် ဒီကာလမှာ ဟော်မုန်းတွေရဲ့ ပမာဏဟာ အတက်အကျ ဖြစ်တတ်တာကြောင့် ဦးနှောက်ရဲ့ အချက်အလက်ပို့ပေးတဲ့ ဓာတုပစ္စည်းတွေကို သက်ရောက်မှု ရှိနိုင်ပါတယ်။ ဒါတွေကြောင့် နောက်ဆက်တွဲ အနေနဲ့ စိတ်ခံစားမှုအပြောင်းအလဲတွေကို ကြုံတွေ့ရတာ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် ပြောင်းလဲနိုင်တဲ့ ဟော်မုန်းတွေအကြောင်း...
ကိုယ်ဝန်ဆောင်ခြင်းဆိုတာဟာ အမျိုးသမီးတွေအတွက် ထူးခြားတဲ့ အချိုးအကွေ့ တခုဖြစ်သလို ဒီကာလအတွင်းမှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာမှာ သက်ရောက်မှုတွေ များစွာ ရှိနိုင်ပါတယ်။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေဟာ ကိုယ်ဝန်ရဲ့ ရက်သတ္တပတ်အလိုက် တဖြေးဖြေး ပိုသိသာလာနိုင်သလို ဒါတွေကို သိရှိနားလည်ပြီး အချိန်မှီ ဖြေရှင်းနိုင်ဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်ပေါ်နိုင်တဲ့ စိတ်ကျန်းမာရေး အခြေအနေတွေ ကို...