
Work-life balance ဆိုတာဟာ အလုပ်ခွင်နဲ့ လူနေမှု ဘဝ ညီမျှခြင်းကို ဆိုလိုတာ ဖြစ်ပြီး ဝန်ထမ်းတိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် တချို့သော အလုပ်ရှင်တွေနဲ့ company တွေဟာ ဒီအချက်ကို အလေးမထားမိတာကြောင့် မထင်မှတ်ထားတဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ရင်ဆိုင်ကြရပါတယ်။ Work-Life Balance ကို အလေးထားဖြစ်တဲ့ company တွေအနေနဲ့ ရနိုင်မယ့် ကောင်းကျိုးတွေကို မျှဝေပေးချင်ပါတယ်။
(၁) ဝန်ထမ်းတွေရဲ့ Burnouts ဖြစ်မှုတွေ လျော့နည်းလာနိုင်ခြင်း
တခါတရံမှာ အလုပ်လုပ်နေပေမယ့်လည်း စိတ်က အလိုလို ပင်ပန်းနွမ်းနယ်နေတာတွေ၊ အလုပ်ထဲမှာ စိတ်မပါတာတွေ၊ ခြေကုန်လက်ပန်းကျတာတွေဟာ Burnout ဖြစ်ခြင်းရဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ ဒီလို Burnout ဖြစ်တာကို ပြန်လည် ဖြေရှင်းခြင်း မပြုလုပ်တဲ့အခါမှာ အချိန်ကြာလာတာနဲ့ အမျှ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုနဲ့ အလုပ်မှာ စိတ်ပါဝင်စားမှုနဲ့ အလုပ်ပြီးမြောက်ခြင်းမှာပါ သက်ရောက်မှုတွေ ရှိလာမှာ ဖြစ်ပါတယ်။ company တွေအနေနဲ့ ဒီအချက်ကို သတိပြုမိပြီး work life balance အတွက် အလေးပေးဆောင်ရွက်ပေးဖိို့ လိုပါတယ်။
(၂) အလုပ်ခွင် စိတ်ကျေနပ်မှု မြင့်တက်လာခြင်း
Work life balance မျှတခြင်း မရှိတဲ့အခါ ဝန်ထမ်းတွေအနေနဲ့ အလုပ်လာရတာကို မပျော်ရွှင်တာ၊ အလုပ်နဲ့ ပတ်သက်ပြီး စိတ်ကျေနပ်မှုမရှိတာ၊ လုပ်ငန်းခွင်တွင်း အခန့်မသင့်ဖြစ်တာတွေ ခံစားရနိုင်ပြီး ဒါဟာ ရေရှည်မှာ ဆိုးကျိုးများစွာကို ဖြစ်လာစေနိုင်ပါတယ်။ company အနေနဲ့ work life balance မျှတရေးကို ဦးစားပေးပြီး အလုပ်ချိန်၊ အလုပ်ခွင် ပျော်ရွှင်မှု၊ အလုပ်တွင်း ပေါင်းသင်းဆက်ဆံရေးနဲ့ အလုပ်ခွင် အခွင့်အရေးတွေကို ဖန်တီးပေးမယ်ဆိုရင် အလုပ်ခွင် စိတ်ကျေနပ်မှု မြင့်တက်လာမှာ ဖြစ်ပါတယ်။
(၃) အလုပ်ထွက်နှုန်း ကျဆင်းလာခြင်း
အလုပ်မှာ အဆင်မပြေမှုတွေ၊ စိတ်ပျက်အားငယ်မှုတွေ ကြုံတွေ့လာချိန်မှာ အလုပ်ထွက်နှုန်းနဲ့ တနေရာကနေ တနေရာကို မကြာခဏ အလုပ်ပြောင်းရွေ့မှုတွေ ရှိလာနိုင်ပါတယ်။ ဒါဟာ အလုပ်ရှင်တွေ၊ company ရဲ့ အကြီးအကဲတွေအတွက်လည်း အဆင်မပြေမှု ဖြစ်လာနိုင်သလို အလုပ်မှာ တိုးတက်သင့်သလောက မတိုးတက်ခြင်း၊ ဝန်ထမ်းအသစ်တွေကို ပြန်လည် သင်ကြားပေးရခြင်း၊ လုပ်ငန်းကျွမ်းကျင်တဲ့ ဝန်ထမ်းတွေ ဆုံးရှုံးခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ Work life balance ကို မျှတအောင် ပြုလုပ်ပေးခြင်းအားဖြင့် ဝန်ထမ်းတွေရဲ့ အလုပ်ထွက်နှုန်းက သိသိသာသာ ကျဆင်းလာမှာ ဖြစ်ပါတယ်။
(၄) အလုပ်ပြီးမြောက်မှုနှုန်း အားကောင်းခြင်း
တချို့သော company တွေဟာ အလုပ်ပြီးမြောက်မှု အားကောင်းဖို့အတွက် အလုပ်ချိန်ကို တိုးမြှင့်သတ်မှတ်တာ၊ ဝန်ထမ်းတွေကို ပုံမှန်အလုပ်ချိန်ထက် ပိုမို အလုပ်လုပ်စေတာ၊ လုပ်အားတိုးမြှင့်တာတွေ ပြုလုပ်ကြပေမယ့် ဒါဟာ တဖက်မှာ work life balance ကို ကျဆင်းစေတဲ့ အဓိကအချက်ဖြစ်ပါတယ်။ work life balance မျှတမှုကို ဦးစားပေးတဲ့အခါ ဝန်ထမ်းတွေရဲ့ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာမှုကို ဖြစ်စေနိုင်တဲ့အပြင် အလုပ်ချိန်တွင်း အာရုံစိုက်နှိုင်မှုကို အားပေးတာကြောင့် အလုပ်ပြီးမြောက်မှုနှုန်းကိုပါ အားကောင်းစေနိုင်ပါတယ်။
(၅) ဝန်ထမ်းများ စိတ်အားထက်သန်မှု အားကောင်းလာခြင်း
Work life balance မျှတတဲ့ ပတ်ဝန်းကျင် ၊ အလုပ်ခွင်ဟာ အလုပ်သမားတွေအတွက် ကောင်းမွန်တဲ့ နေရာတခု ဖြစ်သလို အလုပ်ကို စိတ်ပါလက်ပါနဲ့ စိတ်အားတက်ကြွစွာ လုပ်ကိုင်ဖြစ်စေဖို့အတွက် အားပေးပါတယ်။ အလုပ်နဲ့ လူနေမှုဘဝကို သီးသန့်ခွဲခြားထားတဲ့ စည်းမျဥ်း ကန့်သတ်ချက်အပြင် လုံလောက်တဲ့ အချိန် သတ်မှတ်မှုတွေ ရှိတာကြောင့် အလုပ်ချိန်အတွင်း စိတ်အားထက်သန်မှုနဲ့ အာရုံစူးစိုက်မှုကို မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။
work life balance မျှတမှုကြောင့် ကိုယ့်ရဲ့ မိသားစုဘဝ၊ ကိုယ်ပိုင်ဘဝကို အချိန်အပြည့်အဝပေးဖြစ်ခြင်း၊ ဘဝအရည်အသွေး ပြည့်ဝခြင်းနဲ့ အလုပ်ခွင်အတွင်း စိတ်ပိုင်းဆိုင်ရာ ကျန်းမာမှု ရှိခြင်းစတာတွေဟာ company တစ်ခုလုံးအတွက် ကောင်းမွန်တဲ့ အကျိုးရလဒ်များစွာကို ပေးနိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ အလုပ်ခွင်အတွင်း Work Life Balance မညီမျှမှုကြောင့် ဝန်ထမ်းတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အကူအညီလိုအပ်ခဲ့တယ်ဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးတိုင်ပင်ဖို့ လိုပါတယ်။
Call Me Today မှာ ဝန်ထမ်းတွေအတွက် EAP program တွေ၊ Package တွေ၊ Group Counseling, training and workshop service တွေ ကို ရယူနိုင်ပြီဖြစ်သလို တခြားသော စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေအတွက်လည်း Call Me Today မှတဆင့် ကျွမ်းကျင် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။
🌐 : https://app.callmetoday.org/book
☎️: 09-5131873