Search on this blog

Search on this blog

26787

အလုပ်ဆိုတာ ကိုယ့်ရဲ့ စားဝတ်နေရေး၊ ဘဝ ရပ်တည်ရေးအတွက် အရေးပါသလို ကိုယ့်ရဲ့ ကိုယ်ပိုင်ဘဝ၊ လူနေမှုပုံစံနဲ့ ဘဝ အရည်အသွေးဆိုတာကလည်း လူတိုင်းအတွက် အရေးကြီးတဲ့ အရာတခု ဖြစ်ပါတယ်။ အလုပ်ထဲမှာ အချိန်ပြည့်ခေါင်းနှစ်ထားရာကနေ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှု၊ ကိုယ်ပိုင်ဘဝကို ထိခိုက်နစ်နာမှုတွေ များစွာ ဖြစ်လာနိုင်သလို အလုပ်နဲ့ ကိုယ်ပိုင် ဘဝ မမျှတခြင်းကလည်း ပြဿနာများစွာရဲ့ ကနဦးအစဖြစ်နေနိုင်ပါတယ်။ ဒါ့ကြောင့် work life balance အကြောင်း သိသင့်တဲ အချက်တွေကို ဒီကနေ မျှဝေပေးချင်ပါတယ်။ 

Work life balance ရဲ့ အရေးကြီးပုံ

လုပ်ငန်းခွင်မှာ မပျော်ရွှင်ဘူး၊ စိတ်ဓါတ်ကျတယ်၊ အလုပ်က စိတ်ဖိစီးမှုတွေက အချိန်ပြည့်ခံစားနေရတယ်၊ အလုပ်ကပေးတဲ့ တာဝန်တွေကြောင့် စိတ်ရော ကိုယ်ပါ ပင်ပန်းနွမ်းနယ်နေတယ် ဆိုရင် ဒါဟာ work life balance မမျှတခြင်းရဲ့လက္ခဏာတွေ ဖြစ်ပါတယ်။ work life balance ဟာ ဝန်ထမ်းရဲ့ စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာမှု၊ ပျော်ရွင်မှု၊ တစ်ကိုယ်ရည် ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသလို အလုပ်ရှင်နဲ့ အဖွဲ့အစည်းတခုလုံးရဲ့ တိုးတက်မှုနဲ့ လည်း သက်ဆိုင်နေပါတယ်။ ဒါ့ကြောင့် အလုပ်ခွင်တိုင်းမှာ work life balance ညီမျှဖို့ကို ဦးစားပေး စဥ်းစားပေးဖို့ လိုပါတယ်။ 

Work life balance ဖြစ်ဖို့ အဓိက တာဝန်ရှိသူ 

Work life balance ဖြစ်ဖို့အတွက် အဓိက တာဝန်ရှိသူကတော့ အလုပ်ခွင်ရဲ့ အကြီးအကဲတွေ၊ စီမံခန့်ခွဲတဲ့ နေရာမှာ ရှိနေသူတွေဖြစ်ပြီး ဝန်ထမ်းတွေ ကိုယ်တိုင်ကလည်း တာဝန်ရှိသူ တွေလို့ ပြောနိုင်ပါတယ်။ အလုပ်ရှင်တွေအနေနဲ့ ကိုယ့်ရဲ့ ဝန်ထမ်းတွေ အလုပ်ခွင်တွင်း စိတ်ကျေနပ်မှုရှိအောင်၊ အလုပ်နဲ့ လူမှုဘဝ မျှတမှု ရှိအောင် စီမံခန့်ခွဲတာတွေ ပြုလုပ်ပေးဖို့ လိုသလို ဝန်ထမ်းကိုယ်တိုင်ကလည်း အလုပ်နဲ့ ကိုယ့်ရဲ့ လူမှုဘဝကို ရောထွေးမှု မရှိအောင် စည်းဘောင်တချို့ ကန့်သတ်ပေးဖို့ အရေးကြီးပါတယ်။ 

Work life balance ဖြစ်ဖို့ ပြုလုပ်သင့်တဲ့ အချက် (၅) ချက် 

သင့်အနေနဲ့ work life balance မျှတမှု မရှိဘူးလို့ ခံစားနေရတယ်ဆိုရင် 

(၁) အလုပ်က စိတ်ဖိစီးမှုတွေကို အိမ်မသယ်ပါနဲ့ 

အလုပ်မှာ စိတ်ဖိစီးမှု ခံစားရတယ်ဆိုတာဟာ သာမန်ကိစ္စ တခုပဲ ဆိုပေမယ့် အလုပ်က စိတ်ဖိစီးမှုတွေကြောင့် သင့်အိမ်က မိသားစုတွေကို လျစ်လျုရှုဖြစ်နေတယ်၊ သင့်ရဲ့ ကိုယ်ပိုင်ဘဝကို ထိခိုက််နေတယ်ဆိုရင်တော့ သတိထားဖို့ လိုနေပါပြီ။ အထူးသဖြင့် အလုပ်က စိတ်ဖိစီးမှုတွေက အိမ်အထိ ပါလာပြီ ဆိုရင် အနားယူချိန်၊ မိသားစုနဲ့ အချိန်ကုန်ဆုံးချိန် တွေကိုပါ သက်ရောက်မှု ရှိနိုင်ပြီး ရေရှည် ဆိုးကျိုးများစွာ ရှိနိုင်ပါတယ်။ ဒါ့ကြောင့် အလုပ်က စိတ်ဖိစီးမှုတွေကို အလုပ်မှာပဲ ထားခဲ့တဲ့ အကျင့်ကို လေ့ကျင့်ဖို့ အရေးကြီးပါတယ်။ 

(၂) သင့်ရဲ့ ကိုယ်ပိုင်အချိန်ကို တန်ဖိုးထားပါ 

အလုပ်က သင့်ရဲ့ ပထမဦးစားပေး ဖြစ်ခဲ့မယ်ဆိုရင်တောင် လူတိုင်းမှာ လုံလောက်တဲ့ အနားယူချိန်၊ ကိုယ်ပိုင်ဘဝဆိုတာ လိုအပ်ပါတယ်။ အထူးသဖြင့် တနေ့တာအတွက် လိုအပ်တဲ့ အိပ်စက်ချိန်၊ အစားစားချိန်၊ သူငယ်ချင်း မိတ်ဆွေနဲ့ အချိန်ကုန်ဆုံးချိန် စတဲ့ အချိန်တွေကလည်း လိုအပ်သလို ဒီအချိန်တွေဟာလည်း အလုပ်ချိန် နဲ့ သင့်တင့် မျှတနေဖို့ အရေးကြီးပါတယ်။အထူးသဖြင့် ကိုယ့်ရဲ့ ကိုယ်ပိုင် အားလပ်ချိန်နဲ့ အနားယူချိန်တွေကိုလည်း ကိုယ်တိုင် တန်ဖိုးထားတတ်ဖို့ လိုပါတယ်။  

(၃) အလုပ်ကို အစီအစဥ်တကျ လုပ်တတ်ပါစေ 

အလုပ်ကို စနစ်တကျနဲ့ အစီအစဥ်တကျ စီမံခန့်ခွဲတတ်ခြင်းက အလုပ်ပြီးမြှောက်မှုနှုန်းကို ပိုမို အားကောင်းစေသလို ဒါဟာလည်း work life balance အတွက် အရေးကြီးတဲ့ အချက်တခု ဖြစ်ပါတယ်။ အရေးကြီးတဲ့ အလုပ်တွေကို အရင်ဦးစားပေးလုပ်တာတွေ၊ တချို့အလုပ်တွေကို တခြားသူတွေကို လွှဲပြောင်းပေးတာတွေနဲ့ အရာရာတိုင်းကို ကိုယ်တိုင် မလုပ်ဆောင်ပဲနဲ့ ငြင်းပယ်တတ်တာတွေဟာ အလုပ်ကို ပြီးမြောက်ဖို့အတွက် ကူညီနိုင်မှာ ဖြစ်ပါတယ်။ 

တကယ်လို့ အလုပ်ခွင်အတွင်း Work Life Balance မညီမျှမှုကြောင့် ဝန်ထမ်းတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အကူအညီလိုအပ်ခဲ့တယ်ဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးတိုင်ပင်ဖို့ လိုပါတယ်။ Call Me Today မှာ ဝန်ထမ်းတွေအတွက် EAP program တွေ၊ Package တွေ၊ Group Counseling, training and workshop service တွေ ကို ရယူနိုင်ပြီဖြစ်သလို တခြားသော စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေအတွက်လည်း Call Me Today မှတဆင့် ကျွမ်းကျင် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်