တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ဆက်သွယ်ခြင်း (Communication) ဟာ လူမှုဘဝပတ်ဝန်းကျင်မှာ အရေးပါတဲ့ အရာတခု ဖြစ်ပါတယ်။ အထူးသဖြင့် ကိုယ့်ရဲ့ နေရာဒေသနဲ့ ဝေးကွာတဲ့ နေရာတခုကို ပြောင်းရွှေ့ရပြီး မတူခြားနားတဲ့ လူတွေနဲ့ ဆက်သွယ်ရပြီဆိုရင် အခက်အခဲ အတားအဆီးတွေ ရှိနိုင်ပြီး ဒါတွေဟာ စိတ်ကျန်းမာရေးအပေါ်မှာလည်း သက်ရောက်မှု ရှိနေပါတယ်။ ဒီအတားအဆီးတွေ ကြားကနေ အကောင်းဆုံး ဆက်သွယ်နိုင်မယ့်...
စိတ်ကြည်ကြည်လင်လင်နဲ့ နိုးထလိုက်တဲ့ တနေ့တာမှာ အလုပ်ကို မြန်မြန်ပြီးမြောက်အောင် လုပ်နိုင်တာကို သတိပြုမိကြမှာပါ။ လေ့လာမှုတွေအရဆိုရင် ကောင်းမွန်တဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဖန်တီးပေးနိုင်တဲ့ အလုပ်ခွင်ဟာ အလုပ်သမားတွေရဲ့ အလုပ်ပျက်ကွက်မှု (absenteeism) ကို နည်းစေပြီး လုပ်ငန်းခွင်အတွင်း productivity ကို ပိုကောင်းစေတယ်လို့ တွေ့ရပါတယ်။ အထူးသဖြင့် အလုပ်ကြောင့်၊ ကိုယ်ရေးကိုယ်တာကိစ္စကြောင့် စိတ်ရှုပ်စရာ၊ စိတ်ပူပန်စရာနဲ့ စိတ်ဓါတ်ကျမှုတွေ...
အထီးကျန်စိတ်ဆိုတာ တဦးထဲ ရှိနေတဲ့ အချိန်မှာပဲ ခံစားရတာ မဟုတ်ပါဘူး။ ကိုယ်နဲ့ မရင်းနှီးတဲ့ အရပ်ဒေသ နေရာတခုမှာ သူစိမ်းတွေနဲ့ အတူရှိနေချိန်မှာလည်း အထီးကျန်စိတ်ကို ပြင်းပြင်းပြပြ ခံစားရနိုင်ပါတယ်။ အထူးသဖြင့် ရွှေ့ပြောင်း နေထိုင်သူ၊ အလုပ်သမားတွေ အနေနဲ့ အထီးကျန်စိတ်ကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်တာကြောင့် အထီးကျန်စိတ်ကို ကုစားနိုင်မယ့် နည်းလမ်းလေးတွေကို မျှဝေချင်ပါတယ်။ (၁) ကိုယ်ပိုင်...
‘အိမ်’ ဆိုတာ လူတိုင်းအတွက် လုံခြုံနွေးထွေးတဲ့ နေရာလေး တခု ဖြစ်သလို အိမ်ရဲ့ အငွေ့အသက်၊ မိသားစုရဲ့ သံယောဇဉ်ဆိုတာ ဘာနဲ့မှ တန်ဖိုးဖြတ်လို့ မရပါဘူး။ ဒါပေမယ့် တခါတရံမှာ ဘဝအတွက်၊ ပညာရေးအတွက် စတဲ့ အကြောင်းပြချက်တွေကြောင့် အိမ်နဲ့ ဝေးကွာနေသူတွေ ရှိကြမှာပါ။ ဒီလိုအခြေအနေမှာ အိမ်လွမ်းတဲ့စိတ်တွေနဲ့ ဝမ်းနည်းမှုတွေကို ဘယ်လို ဖြေဖျောက်ရမလဲဆိုတာ ပြောပြချင်ပါတယ်။ ...
နှစ်သိမ့်ဆွေးနွေးမှု တစ်ခုကို စတင်တဲ့အခါမှာ လူတိုင်း သိလိုတဲ့ မေးခွန်းကတော့ နှစ်သိမ့်ဆွေးနွေးမှု ဘယ်နှစ်ကြိမ် လိုအပ်တာလဲ၊ အချိန်ဘယ်လောက်ပေးရင် သိသာတဲ့ ရလဒ်ကို ရမှာလဲ ဆိုတာပဲ ဖြစ်ပါတယ်။ ဒါဟာ တစ်ဦးချင်းစီအတွက် မတူညီနိုင်တာကြောင့် နှစ်သိမ့်ဆွေးနွေးမှုအတွက် လိုအပ်တဲ့ ကြာချိန် ဘယ်လို ကွာခြားနိုင်လဲဆိုတာ မျှဝေပေးချင်ပါတယ်။ ပထမဦးဆုံးအနေနဲ့ နှစ်သိမ့်ဆွေးနွေးမှု ခံယူတဲ့ တစ်ဦးချင်းစီမှာ မတူညီကွဲပြားတဲ့...
သင့်အနေနဲ့ နှစ်သိမ့်ဆွေးနွေးမှု ခံယူဖို့အတွက် နှစ်သိမ့်ဆွေးနွေးသူ (Counselor) နဲ့ ချိန်းဆိုထားပြီးပြီဆိုရင် ပထမဆုံး တွေ့ဆုံမှုအတွက် အနည်းငယ် စိုးရိမ်ကြောင့်ကြတတ်တာ ပုံမှန်ပါပဲ။ အကယ်၍ ဒီပထမချိန်းဆိုမှုအတွင်း သင့်ဘက်က မျှော်မှန်းထားရမယ့် အချက်တွေကို ကြိုတင်သိရှိထားမယ်ဆိုရင်တော့ နှစ်သိမ့်ဆွေးနွေးမှု ခရီးစဉ်က ပိုမိုချောမွေ့စေမှာ ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ ဒီလို ပထမအကြိမ် ချိန်းဆိုမှုဟာ သင်နဲ့ နှစ်သိမ့်ဆွေးနွေးသူ (Counselor)...
နှစ်သိမ့်ဆွေးနွေးမှု (Counseling) ခံယူတဲ့အခါ မျှော်မှန်းတဲ့အရာတွေဟာ တစ်ဦးနဲ့ တစ်ဦး ကွဲပြားနိုင်ပါတယ်။ ဆွေးနွေးမှု ခံယူသူ (Client) အနေနဲ့ ဆွေးနွေးမှုကနေ မရနိုင်တဲ့အချက်တွေကို ကြိုတင်သိရှိထားတာက နှစ်ဦးနှစ်ဖက်အတွက် ပိုပြီး သက်တောင့်သက်တာ ဖြစ်စေပါတယ်။ ဒါ့ကြောင့် နှစ်သိမ့်ဆွေးနွေးမှု (Counseling) မှ သင်မရနိုင်တဲ့ အချက် (၅) ချက်ကို မျှဝေပေးချင်ပါတယ်။ (၁) နှစ်သိမ့်ဆွေးနွေးသူသည်...
လူတိုင်း လူတိုင်းမှာ နွေးထွေးရတဲ့ ရပ်ဝန်းလေး တစ်ခု ရှိပါတယ်။ ဒီရပ်ဝန်းလေးထဲမှာ ကိုယ်ချစ်ခင်ရတဲ့ သူငယ်ချင်း မိတ်ဆွေ ဒါမှမဟုတ် မိသားစုတွေ ရှိမယ်၊ တခါတရံ စိတ်ထဲမှာ မွန်းကြပ်လာရင် ဒီရပ်ဝန်းထဲက တစ်စုံတစ်ယောက်ကို ရင်ဖွင့်ပြီး စိတ်သက်သာအောင် လုပ်ကြမယ်ပေါ့။ ဒါပေမယ့် တခါတရံမှာ သူငယ်ချင်းကို ရင်ဖွင့်ရုံနဲ့ မလုံလောက်တဲ့ အခြေအနေတွေ ရှိလာနိုင်ပါတယ်။ ဒီနေရာမှာ...
လူတိုင်းမှာ ကိုယ်စီ ကြုံတွေ့နေကြတဲ့ ပြဿနာ၊ ဖြစ်ရပ်နဲ့ ခံစားမှုတွေ ရှိကြပါတယ်။ ဒါတွေကို ရင်ဖွင့်ပြောပြနိုင်မယ့် တစုံတယောက်ဆိုတာ လိုအပ်ပါတယ်။ ဒါပေမယ့် နှစ်သိမ့်ဆွေးနွေးခြင်း (Counseling) ဟာ ရင်ဖွင့် ပြောဆိုတာထက် ပိုပြီး လေးနက်ပါတယ်။ နှစ်သိမ့်ဆွေးနွေးခြင်းဟာ စကားပြောခြင်းအားဖြင့် စိတ်ပိုင်းဆိုင်ရာ ကုသမှု (Talk Therapy) တမျိုး ဖြစ်ပါတယ်။ နှစ်သိမ့်ဆွေးနွေးမှု တခုမှာ...
Healthy Work Environment ဖြစ်ဖို့ဆိုတာ ဝန်ထမ်းတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် အရေးကြီးရုံသာမက လုပ်အားကို တိုးစေဖို့၊ မိမိအလုပ်ကို စိတ်ကျေနပ်ဖို့၊ ဝန်ထမ်းကောင်းတွေကို ထိန်းထားနိုင်ဖို့အတွက်လည်း အရေးပါပါတယ်။ မိမိဝန်ထမ်းရဲ့ ကျန်းမာရေး၊သက်တောင့်သက်သာရှိရေး၊ သာတူညီမျှအခွင့်အရေးကို အလေးမပေးတဲ့လုပ်ငန်းခွင်က ဝန်ထမ်းတစ်ဦးကို ခေါင်းကိုက်ခြင်း၊ အဆစ်အမြစ်တွေနာခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း အစရှိတဲ့ ကျန်းမာရေးဆိုးကျိုးတွေဖြစ်စေသလို စိတ်ဓာတ်ကျခြင်း၊ ပူပင်သောကများခြင်း၊ အိပ်မပျော်ခြင်း အစရှိတဲ့...