နေ့တဓူဝရုန်းကန်လှုပ်ရှားရင်းနဲ့ တာဝန်တွေ၊ ဝတ္တရားတွေကြား စိတ်ရောကိုယ်ပါနှစ်ထားရင်း ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ဖို့မေ့နေပြီလား? ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖြစ်ဖို့ဆိုတာ ငွေကြေးအကုန်အကျခံပြီး အစားအသောက်ကောင်းတွေဝယ်စားမှ၊ အသုံးအဆောင်ကောင်းတွေ ဝယ်မှ၊ အပန်းဖြေခရီးတွေထွက်မှမဟုတ်ပါဘူး။ အိမ်မှာနေရင်းပဲ အချိန်ခဏလောက်ပေးလိုက်ရုံနဲ့ စိတ်ရောကိုယ်ပါ အပန်းပြေသွားစေမဲ့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ (၁) လေကောင်းလေသန့်ကို တစ်ဝကြီးရှူပါ။ စက္ကန့်တိုင်း အလိုလို အသက်ရှူနေတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ကိုယ်တိုင်သတိမထားမိကြသလို အလကားရတဲ့...
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ခြင်း (Self-Care) ကို အတ္တဆန်တယ်၊ တစ်ကိုယ်ကောင်းဆန်တယ်လို့ အထင်မှားလေ့ရှိကြပါတယ်။ အမှန်စင်စစ်အားဖြင့် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တတ်ခြင်းကသာ ကိုယ်တိုင်အတွက်ရော၊ ကိုယ့်ပတ်ဝန်းကျင်အတွက်ပါ ကောင်းမွန်တဲ့သက်ရောက်မှုကိုဖြစ်စေနိုင်ပါတယ်။ အခြားသူကို မထိခိုက်စေသလို အခြားသူကို ဥပေက္ခာပြုရာလည်း မရောက်ပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ တစ်ကိုယ်ကောင်းဆန်ခြင်းဆိုတာ မိမိတစ်ကိုယ်စာ ကောင်းကျိုးရရေးအတွက် အများသူငှာကို ဆိုးကျိုးဖြစ်စေခြင်းဖြစ်ပြီး အတ္တဆန်ခြင်းဆိုတာ မိမိရဲ့ကောင်းစားရေးကိုသာ မျက်စိစုံမှိတ်ဦးစားပေးနေခြင်းဖြစ်ပါတယ်။ လူတစ်ယောက်မှာ မိမိကိုယ်ကိုယ်...
စီးပွားရေး၊ လူမှုရေး၊ ဘဝနေထိုင်ရေး အဘက်ဘက်က ဖိအားတွေစုပြုံကျနေချိန်မှာ စိတ်ဓာတ်တွေ ယိုင်လဲသွားဖို့ သိပ်ကိုလွယ်ကူလွန်းပါတယ်။ ကိုယ့်ဘဝရဲ့အဓိပ္ပာယ်၊ ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေကို ဆုံးရှုံးမသွားရအောင်ကိုယ်တိုင်ပြန်ဖေးမဖို့လိုအပ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားချက်ဆိုင်ရာ ကျန်းမာနေပြီး အခက်အခဲတွေကို ရင်ဆိုင်နိုင်မဲ့ ခွန်အားကို Self-Care လို့ခေါ်တဲ့ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ခြင်းကနေ ရယူနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ခြင်းက ကြံ့ကြံ့ခံနိုင်မဲ့ အားအင်ကို ပေးသလို အခြေအနေတိုင်းမှာ မယိုင်လဲသွားမဲ့...
အာဟာရမပြည့်ဝမှုက စိတ်ဓာတ်ကျနိုင်ခြေနဲ့ ပူပင်သောကရောက်နိုင်ခြေကို မြင့်မားစေပေမဲ့ အာဟာရပြည့်ဝစွာစားသုံးခြင်းကတော့ စိတ်ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပါတယ်။ ကလေးငယ်များနဲ့ အရွယ်ရောက်လူငယ်များကို အုပ်စုခွဲပြီး ပြုလုပ်ထားတဲ့ လေ့လာတွေ့ရှိချက်တွေအရ ကျန်းမာရေးနဲ့မညီညွတ်တဲ့စားသောက်မှုပုံစံဟာ စိတ်ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေပါတယ်။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့စားသောက်မှုပုံစံဆိုရာမှာ အာဟာရစုံလင်မျှတအောင်မစားသုံးတာအပြင် အစာစားချိန်မမှန်တာ ၊ အသင့်စားအစားအစာပဲစားတာ၊ ညအိပ်ခါနီးမှ ပိုစားမိတာ၊ အလုပ်လုပ်ရင်း အလုပ်စားပွဲမှာပဲ ဖြစ်သလိုစားလိုက်တာတွေပါ ပါဝင်ပါတယ်။ ဒီလို မမှန်ကန်တဲ့စားသောက်မှုပုံစံကြောင့်...
စိတ်ခံစားချက်ပြင်းထန်နေတဲ့အချိန်တိုင်းမှာ ပြန်လည်တည်ငြိမ်သွားစေမဲ့ အထိရောက်ဆုံးနည်းလမ်းတစ်ခုက “အသက်ရှူခြင်း” (breathing exercise) ပါပဲ။ ဘာကြောင့်လဲဆိုတော့ ဝင်လေထွက်လေဟာ စိတ်ခံစားချက်တွေ၊ စိတ်ခံစားချက်ကို ထိန်းချုပ်နေတဲ့ဟော်မုန်းတွေနဲ့ ဆက်နွယ်မှုရှိနေလို့ပါပဲ။ လူတွေက အချိန်စက္ကန့်တိုင်းမှာ အသက်ရှူသွင်း၊ ရှူထုတ်လုပ်ဖြစ်နေကြတာတော့ဟုတ်ပါတယ်။ ဒါပေမဲ့ တကူးတကသတိမပြုမိကြသလို အာရုံလည်း မစိုက်ဖြစ်ကြပါဘူး။ အသက်ရှူခြင်းက ဦးနှောက်ရဲ့ “အနားယူခြင်းနဲ့ အစာခြေခြင်းဆိုင်ရာ အာရုံကြောစနစ်” ကို လှုံ့ဆော်ပေးတာကြောင့် စိတ်ခံစားချက်များနဲ့...
နေ့စဉ်ဘဝမှာ အကြောင်းအမျိုးမျိုးကြောင့် စိတ်ဖိစီးမှုကို အသက်အရွယ်မရွေး ကြုံတွေ့ရတတ်ပါတယ်။ ခဏတာကြုံတွေ့ရတဲ့ အခြေအနေကြောင့်လည်း ဖြစ်နိုင်သလို နေ့စဉ် စိုးရိမ်ပူပန်စရာ ကိစ္စတွေကြောင့် ရေတို၊ ရေရှည် စိတ်ဖိစီးမှုကို လူတဦးနဲ့တဦးမတူညီပဲ ခံစားရတတ်ပါတယ်။ စိတ်ဖီစီးမှုဆိုတာ လုံးဝလွှဲရှောင်လို့ရနိုင်တဲ့အရာမျိုးမဟုတ်ပေမဲ့ မိမိရဲ့လူမှုဘဝမှာ စိတ်ဖိစီးမှုကို ဖြစ်စေတဲ့အရာတွေကို တတ်နိုင်သလောက် ရှောင်ရှားလို့ရသလို စိတ်ဖီစီးမှုခံစားနေရတဲ့အခါ စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်တဲ့ နည်းလမ်းတွေလည်းများစွာရှိပါတယ်။ ထိုနည်းလမ်းတွေထဲမှာမှ ထိရောက်မှုအားအကောင်းဆုံးနည်းလမ်းတွေထဲက...
တကယ်တော့ “ဟင့်အင်း” “နိုး” “မလုပ်ချင်ဘူး” စတဲ့စကားတွေကိုပြောထွက်ဖို့ဆိုတာလက လူတော်တော်များများအတွက် တော်တော်လေးကိုမလွယ်ကူတဲ့ကိစ္စတစ်ခုပဲဖြစ်ပါတယ် ။ အထူးသဖြင့်ငယ်စဉ်ကာလမှာဆိုရင် ကျွန်မတို့က တော်တော်များများမှာ Yes လို့ပဲပြောခဲ့ကြပါတယ် ။ မိဘတွေ ပြောစကား ဆိုလည်း ဟုတ်ကဲ့ ၊ ဆရာဆရာမ စကားဆိုလည်း ဟုတ်ကဲ့ ၊ စာလုပ်ရမယ် ဆိုလည်း ဟုတ်ကဲ့ ၊ စသည်ဖြင့် နေရာတော်တော်များများမှာ...
ကိုယ့်ကိုကိုယ်ချစ်တယ်ဆိုတဲ့အလုပ်က ပြောရင်သာလွယ်ကူပေမဲ့ တကယ်တမ်းလိုက်လုပ်ဖို့အတွက်ကတော့ အတော်လေးခက်ခဲတဲ့အရာတစ်ခုပါပဲ။ ဘာလို့ဆို လူတွေက ကိုယ့်ကိုကိုယ် ချစ်တယ် ချစ်တယ် သာပြောနေပေမဲ့ ကိုယ့်အတွက်ကောင်းစေမဲ့အရာတွေကိုတော့ မလုပ်ဆောင်ကြပဲနဲ့ ၊ စိတ်အလိုလိုက်ပြီး ကိုယ့်ကိုကိုယ်ဒုက္ခပေးစေမဲ့ အရာတွေကိုသာ ဦးစားပေးလုပ်နေတာက ပိုများလို့ပါပဲ ။ ဒါကြောင့် ဒီနေ့ ကိုယ့်ကိုကိုယ် နည်းလမ်းမှန်ကန်စွာ ဘယ်လိုမျိုးချစ်ရမလဲ ဆိုတာကို အနည်းငယ်ပြောပြပေးသွားပါရစေရှင့် ။ ကျွန်မတို့တွေအနေနဲ့ ကိုယ့်ကိုကိုယ်ချစ်တယ်...
လူရယ် လို့ဖြစ်လာတာနဲ့ အလုပ်ကိုယ်စီနဲ့ ဘဝကိုယ်စီမှာ ရုန်းကန်ရင်ဆိုင်ပြီး နေထိုင်ကြရပါတယ်။မိုးလင်းတာနဲ့ အိပ်ရာထ၊ ဟင်းချက်၊ အလုပ်သွားဖို့ပြင်ဆင် တာကနေစလို့အိမ်ပြန်ရောက် ညစာစားသန့်ရှင်းရေးလုပ်ပြီး အိပ် ဒီလိုမျိုး နေ့စဉ် သံသရာစက်ဝန်းကိုအကြိမ်ကြိမ်ဖြတ်သန်းရတဲ့အခါမှာ ရုပ်ပိုင်းဆိုင်ရာအရသာမက ၊ စိတ်ပိုင်းဆိုင်ရာအရပါ ပင်ပန်းနွမ်းနယ်လာတတ်ကြပါတယ်။ အခုခေတ်လိုမျိုးအလုပ်အကိုင်တွေအဆင်မပြေ ၊ စျေးနှုန်းတွေတက်နေတဲ့ကာလမှာဆိုရင် ပိုလို့တောင် မှ စိတ်ပင်ပန်းလူပင်ပန်းဖြစ်ကြပါသေးတယ် ။ ဒီလိုအခြေအနေအကြောင်းကြောင့် ပင်ပန်းလာပြီဆိုရင်...
လူတိုင်းလူတိုင်းမှာ သူတို့ရဲ့ဘဝတစ်လျှောက်မှာ ပြသနာတွေ၊အခက်အခဲတွေ၊စိတ်ညစ်စရာတွေဆိုတာရှိတတ်ကြပါတယ်။ ဒီလိုမျိုးကိုယ့်ရဲ့ဘဝမှာ အခက်အခဲပြသနာတွေရှိလာတဲ့အခါ စိတ်မွန်းကျပ်မှုတွေလည်းစတင်ပြီးဖြစ်ပေါ်လာကြပါတယ်။ဒီလိုမျိုးတစ်ယောက်ထဲ မွန်းကျပ်ပြီးနေနေတာ က ပိုပိုပြီးစိတ်ပိုင်းဆိုင်ရာအဆင်မပြေဖြစ်လာတတ်တာမလို့ ကျွန်မတို့တွေဟာ ရင်ဖွင့်ပြောဆိုဖို့လိုအပ်ပါတယ်ရှင့်။ ✅ ဒီလိုမျိုး ကျွန်မတို့တွေ ရင်ဖွင့်ပြောဆိုခြင်း အားဖြင့် – ▪️ကိုယ့်ရဲ့အခက်အခဲ၊စိတ်ခံစားချက်တွေကို မျိုသိပ်ထားလို့မွန်းကျပ်နေရတဲ့ခံစားချက်ကနေ လွှတ်ချလိုက်ရသလိုမျိုးပေါ့ပါးသွားပြီးစိတ်သက်သာရာရသွားပါလိမ့်မယ်။ ▪️ပြသနာတွေကိုရင်ဖွင့်ပြီးဆွေးနွေးတိုင်ပင်မယ်ဆိုရင်လည်း ကိုယ့်တစ်ယောက်ထဲအပင်ပန်းခံနေရမဲ့အစား အကြံဉာဏ်ဖြစ်စေ၊အကူအညီဖြစ်စေရနိုင်ပါတယ်။ ▪️ဒါ့အပြင် ကိုယ့်အနားမှာကိုယ့်အတွက်နားထောင်ပေးတဲ့သူရှိတဲ့အခါအထီးကျန်တာတွေလည်းဖြေးဖြေးချင်းလျော့ပါးလာပြီး၊ကိုယ့်ကိုကိုယ်ယုံကြည်မှုရရှိလာပါလိမ့်မယ်။ ✅ အကယ်၍ ကိုယ့်ကိုတစ်ယောက်ယောက်ကရင်ဖွင့်ပြောဆိုတဲ့အခါမှာ- “ဒီလောက်လေးကဘာမှမဟုတ်ပါဘူး...