Search on this blog

Search on this blog

အိမ်ထောင်သည်ဘဝမှာ ဇနီးမောင်နှံတွေဟာ နှစ်ဦးသဘောတူ ဆုံးဖြတ်ချက်တွေကို အတူချမှတ်ကြပြီး အစစအရာရာမှာ အတူတကွ လျှောက်လမ်းဖြစ်ကြတဲ့ အနေအထားတခု ဖြစ်ပါတယ်။ ဒီလို အနေအထားတခုကနေ ကွာရှင်းပြတ်စဲဖို့ ဖြစ်လာတဲ့အခါမှာ ကိုယ့်ရဲ့ ကိုယ်ပိုင်ဘဝကို ပြန်လည်ရှာဖွေခြင်း (self-discovery) အားဖြင့် ကိုယ့်ကိုကိုယ် ယုံကြည်မှု မြှင့်တင်ဖို့ လိုအပ်လာတာကြောင့် ကိုယ့်ကိုကိုယ် ရှာဖွေနိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။  (၁) ကိုယ့်ကိုကိုယ်...
လက်ရှိ Relationship တခုကို အဆုံးသတ်ပြီးနောက် တဦးတည်း ဘဝကို ဖြတ်သန်းဖို့အတွက် အစပြုချိန်ဟာ အထီးကျန်ခြင်း ကို သိသိသာသာ ခံစားရတဲ့ အခိုက်အတန့်ဖြစ်ပါတယ်။ ဒီလို အချိန်မှာ အထီးကျန်ခြင်းနဲ့အတူ အားငယ်ခြင်း၊ ဝမ်းနည်းခြင်း၊ ကိုယ့်ကိုကိုယ် အပြစ်တင်ခြင်း၊ စိတ်ဓါတ်ကျခြင်း စတာတွေကို ခံစားရနိုင်ပြီး နောက်ဆက်တွဲ ပြဿနာတွေကိုပါ ခံစားရနိုင်ပါတယ်။ ဒါ့ကြောင့် လမ်းခွဲပြီးနောက် အထီးကျန်ခြင်းကို...
ကွာရှင်းပြတ်စဲခြင်းနဲ့ ပတ်သက်လာရင် လူမှုအသိုင်းအဝိုင်းက ဒါကို အမည်းစက်၊ အားနည်းချက်တခု အနေနဲ့ သတ်မှတ်လေ့ရှိကြသလို ကာယကံရှင်တွေ အနေနဲ့လည်း ပတ်ဝန်းကျင်နဲ့ မိသားစုကပေးတဲ့ ဖိအားများစွာကို ရင်ဆိုင်ရလေ့ရှိပါတယ်။ ဒီဖိအားတွေကို တွန်းလှန်ဖို့ ကြိုးစားရာကနေ နှစ်ဦးလုံးမှာ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေ များစွာ ဖြစ်လာနိုင်တာကြောင့် ဒါတွေကို ကျော်လွှားနိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။  ကွာရှင်းပြတ်စဲခြင်းနဲ့ ပတ်သက်တဲ့ စိန်ခေါ်မှုများ ...
ဇနီးမောင်နှံတွေ အနေနဲ့ နှစ်ဦးသဘောတူ ရင်သွေးယူခဲ့ကြပေမယ့် အခြေအနေ အကြောင်းတခုခုကြောင့် ကွာရှင်းပြတ်စဲကြတဲ့အခါ ကလေးရဲ့ အနာဂတ်ကို စီမံဖို့အတွက် နှစ်ဦးလုံးမှာ တာဝန်ဆက်လက် ရှိနေဆဲ ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ကိုယ်စီ သီးခြားနေထိုင်ဖို့ ဖြစ်လာပေမယ့် နှစ်ဦးသဘောတူ ကလေးကို ဆက်လက် ပြုစုပျိုးထောင်မယ် (co-parenting) လုပ်မယ်ဆိုရင် သတိပြုသင့်တဲ့ အချက်တွေကို မျှဝေပေးချင်ပါတယ်။  (၁) ကလေးရဲ့...
မိဘနှစ်ဦးရဲ့ အိမ်ထောင်ရေး အခြေအနေနဲ့ နှစ်ကိုယ်ကြား ဆက်ဆံရေးဟာ ကလေးတွေရဲ့ စိတ်ကျန်းမာရေး အပေါ်မှာ များစွာသက်ရောက်မှု ရှိပါတယ်။ အထူးသဖြင့် အခြေအနေ   အကြောင်းကြောင်းကြောင့် ကွာရှင်းပြတ်စဲခြင်းကို ရွေးချယ်ရဖို့ ဖြစ်လာတဲ့အခါမှာ ကလေးတွေ ရဲ့  စိတ်ခံစားချက်တွေကိုလည်း လျစ်လျုမရှုသင့်ပါဘူး။ လမ်းခွဲခြင်းကြောင့် ကလေးတွေမှာ စိတ်ကျန်းမာရေးဆိုင်ရာ သက်ရောက်မှု ဘယ်လို ရှိနိုင်လဲ ဆိုတာကို မျှဝေပေးချင်ပါတယ်။ ...
ကွာရှင်းပြတ်စဲခြင်း (divorce) ဟာ ဘဝရဲ့ အချိုးအကွေ့တွေထဲမှာ ကြီးမားတဲ့ သက်ရောက်မှု တခု ဖြစ်သလို စိတ်ကျန်းမာရေးကိုလည်း ထိခိုက်မှု များစွာ ရှိနိင်ပါတယ်။ အထူးသဖြင့် ဝမ်းနည်းမှု၊ ဒေါသထွက်မှု၊ ကိုယ်တိုင် အပြစ်ရှိသလို ခံစားရမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို ပြင်းထန်စွာ ခံစားရနိုင်ပါတယ်။ ဒီလို ခံစားချက်တွေကို အချိန်မှီ မဖြေရှင်းတဲ့အခါမှာ စိတ်ကျန်းမာရေးကို ရေရှည်ဆိုးကျိုး များစွာ...